Panasonic’s $4 billion EV battery plant will land in Kansas

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.8.2022 | Panasonic ရဲ့ ကန်ဒေါ်လာ (၄) ဘီလျံတန်ကြေးရှိ လျှပ်စစ်ကားဘက်ထရီထုတ်လုပ်ရေးစက်ရုံကို Kansas တွင် တည်ဆောက်လျှက်ရှိ 

Panasonic ဟာ ၎င်းတို့ရဲ့ လျှပ်စစ်ကားဘက်ထရီထုတ်လုပ်ရေးစက်ရုံကို De Soto, Kansas တွင် တည်ဆောက်ရန်အတွက် ရွေးချယ်လိုက်ပြီဖြစ်ကာ အဆိုပါ Project ဟာ Kansas ပြည်နယ်အတွက် ကန်ဒေါ်လာ ၄ ဘီလျံတန်ကြေးရှိသော ရင်းနှီးမြှုပ်နှံမှုများကို သယ်ဆောင်လာနိုင်မှာဖြစ်တယ်လို့ Kansas ပြည်နယ် အစိုးရအဖွဲ့မှ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။ 

အဆိုပါသတင်းစာရှင်းလင်းပွဲအရ အထက်ဖော်ပြပါ လျှပ်စစ်ကားဘက်ထရီ ထုတ်လုပ်ရေးစက်ရုံဟာ အလုပ်အကိုင်ပေါင်း ၄,၀၀၀ အထိ ဖန်တီးပေးနိုင်မှာဖြစ်ပြီး ဆက်စပ်နေသည့် ကုန်ပစ္စည်းထောက်ပံ့သူများနဲ့ ပတ်ဝန်းကျင်ရှိ လုပ်ငန်းများအတွက်လည်း နောက်ထပ် အလုပ်အကိုင်ပေါင်း ၄၀၀၀ ကျော် ပွင့်လင်းလာစေမှာပဲဖြစ်ပါတယ်။ 

ဧပြီလအတွင်းက Panasonic ရဲ့ ဘက်ထရီစက်ရုံအသစ်ကိုတည်ဆောက်ရန် နေရာရွေးချယ်ရာတွင် Kansas နှင့် Oklahoma ပြည်နယ်နှစ်ခုစလုံးပါဝင်ခဲ့ပြီး Oklahoma ပြည်နယ် မြို့ဝန်မှလည်း ဥပဒေရေးဆွဲသူများကို ကန်ဒေါ်လာ သန်း ၇၀၀ တန်ကြေးရှိ အခွန်ကင်းလွတ်ခွင့် Package ကို ရေးဆွဲရန် တိုက်တွန်းမှုပြုလုပ်ခဲ့သေးကြောင်း သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။