Over 30 Activision Blizzard employees have ‘exited’ since July, WSJ reports

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.1.2022 | WSJ သတင်းများအရ ပြီးခဲ့တဲ့ ဇူလိုင်လမှစတင်၍ Activision Blizzard မှဝန်ထမ်းပေါင်း ၃၀ ခန့်ကို အလုပ်မှ ထုတ်ပယ်ခဲ့  

Wall Street Journal (WSJ) မှရရှိထားတဲ့ သတင်းအချက်အလက်များအရ Activision Blizzard ကုမ္ပဏီအတွင်း ဖြစ်ပွားလျှက်ရှိနေသော လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုဖြစ်စဉ်များကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းမှုတစ်ရပ်အနေနဲ့ ကုမ္ပဏီမှ ပြီးခဲ့တဲ့နှစ်၊ ဇူလိုင်လမှစတင်၍ စုစုပေါင်း ဝန်ထမ်း ၃၇ ဦးကို အလုပ်မှထုတ်ပယ်ခဲ့တယ်လို့ သိရှိရပါတယ်။ 

Activision Blizzard ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Helaine Klasky မှ WSJ သို့ ပြောကြားချက်အရ လုပ်ငန်းခွင်စည်းကမ်းများကို ဖောက်ဖျက်ခဲ့တဲ့အတွက်နှင့်စပ်လျင်း၍ ဝန်ထမ်းပေါင်း ၄၄ ဦးကိုလည်း ပြစ်ဒဏ်ပေးမှုများကို ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ 

“Activision Blizzard ကုမ္ပဏီအဖွဲ့အစည်းတစ်ခုလုံးတွင် နယ်ပယ်မျိုးစုံမှ ဝန်ထမ်းတိုင်းအနေနဲ့ လုံခြုံမျှတမှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်တယ်လို့ ခံစားလာရစေရန်နှင့် အားပေးကူညီခြင်း၊ ဝန်ထမ်းများရဲ့ ပြောကြားချက်များကို အလေးထားခြင်း အစရှိသည့်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကျွန်ုပ်တို့ရဲ့ team ဟာ အချိန်ပြည့် ကြိုးစားဆောင်ရွက်လျှက်ရှိနေပါတယ်” ဟူ၍ Activision Blizzard ရဲ့ နောက်ထပ်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Rich George မှ The Verge သို့ ပြောကြားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။