Over $15.64 Million Worth of iPhones Sold in Just Two Seconds on Singles Day Sale in China

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.11.2021 | တရုတ်နိုင်ငံတွင် ကန်ဒေါ်လာ ၁၅.၆၄ သန်း တန်ဖိုးရှိ iPhone များကို Singles Day တွင် ၂ စက္ကန့်အတွင်း စံချိန်တင်ရောင်းချနိုင်ခဲ့

iPhone 13 series model ဟာ Apple ရဲ့ အောင်မြင်မှုအရှိဆုံး ထုတ်ကုန်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်မှာ ရောင်းအားအကောင်းဆုံးထုတ်ကုန်တစ်ခုအဖြစ် ရပ်တည်လျှက်ရှိနေပါတယ်။ တရုတ်နိုင်ငံရှိ e-retailer များအတွက် “Singles Day” တွင် ရောင်းချမှုများမှ ရရှိနိုင်တဲ့အမြတ်ငွေများရဲ့ ပမာဏအတော်များများဟာ iPhone များအပါအဝင် အခြားသော luxury goods များအပေါ်မူတည်နေခဲ့ပါတယ်။ 

ယခုအခါ JD.com မှ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တစ်ခုအရ ယွမ်ငွေ သန်း ၁၀၀ (ကန်ဒေါ်လာဖြင့် ၁၅.၆၄ သန်း) တန်ကြေးရှိ iPhone များကို “Singles Day” နေ့တွင် ၂ စက္ကန့်အတွင်း ရောင်းချနိုင်ခဲ့တယ်လို့ ကြေငြာထားကြောင်း သိရှိရပါတယ်။ အဆိုပါရောင်းချမှုတွင် မည်သည့် iPhone model များပါဝင်နေသလဲဆိုတာကိုတော့ JD.com မှ ဖော်ပြမထားသော်လည်း ဒါဟာအကြီးမားဆုံးသော sales တစ်ခုဖြစ်ပါတယ်။ 

အသစ်ထွက်ရှိလာတဲ့ iPhone 13 model များအတွက် ဝယ်လိုအားဟာလည်း အလွန်တရာ မြင့်တက်လျှက်ရှိနေပြီး တရုတ်နိုင်ငံရှိ e-retailer အများစုဟာ အမှာစာပြုလုပ်ချက်များ အလွန်တရာများပြားလာတဲ့အတွက် ၎င်းတို့ရဲ့ website များတွင် နှေးကွေးလာမှုများနဲ့ တွေ့ကြုံခဲ့ရကြောင်း ဆိုထားခဲ့ပါတယ်။ ကြိုတင်မှာယူမှု ပြုလုပ်ထားတဲ့ အမှာစာစုစုပေါင်း ၅ သန်းခန့်တွင် JD.com မှ အမှာစာ ၃ သန်းခန့်ကိုရရှိခဲ့ပြီး “Singles Day” နဲ့ “Double 11” sales များတွင် JD.com နှင့် Alibaba တို့မှ ကန်ဒေါ်လာ ၁၃၉ ဘီလျံအထိ စံချိန်တင်ရောင်းချနိုင်ခဲ့ကြတယ်လို့ သိရှိရပါတယ်။  

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။