Oracle looking to sell 5G core to network operators

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.6.2020 | Oracle ဟာ 5G core များကို network operator များထံသို့ ရောင်းချဖို့ကြံစည်နေ

Oracle ကုမ္ပဏီမှ - သူတို့ဟာ 4G နဲ့ 5G core network ဝန်ဆောင်မှုများကို mobile operator များ ထံသို့ ဒီနှစ်နှောင်းပိုင်းတွင် စတင်ရောင်းချသွားဖို့ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဒီကမ်းလှမ်းချက်ဟာ Oracle ရဲ့ cloud ပေါ်တွင်အလုပ်လုပ်မှာဖြစ်ပြီး “ဝန်ဆောင်မှုတစ်ခုအနေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်“ ဟု အဆိုပါကုမ္ပဏီကပြောဆိုခဲ့ပါတယ်။ ဆိုလိုတာကတော့ operatore များ ဟာ သူတို့အနေနဲ့လိုအပ်တဲ့အရာကိုသာအချိန်ကာလအပိုင်းအခြားအလိုက် ငွေပေးခြေမှုပြုလုပ်ပြီး ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။ “5G ဟာ တစ်ကယ်တန်းတွင်တော့ web ပေါ်မှာ အခြေခံတဲ့ application တစ်ခုအဖြစ်ဖန်တီးခဲ့တာဖြစ်ပါတယ်“ဟူ၍ လက်တစ်လောပြုလုပ်ခဲ့တဲ့ Competitive Carriers Association (CCA) ကပြုလုပ်ခဲ့တဲ့ webinar (အင်တာနက်ပေါ်မှ အစည်းအဝေး) တစ်ခု အတွင်း Oracle ရဲ့ Travis Russell က အဆိုပါအကြောင်းအရာအပေါ် ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဒီပွဲဟာ အမေရိကန်နိုင်ငံအတွင်းရှိ အများအားဖြင့်သေးငယ်တဲ့ ဒေသခံ ကြိုးမဲ့ network operator များအတွက်ရည်ရွယ်တာပဲဖြစ်ပါတယ်။ 

“5G ဟာ cloud ပေါ်တွင်တည်ဆောက်ထားတာဖြစ်တဲ့အတွက် ဒါဟာ SaaS အတွက် သင့်လျှော်တဲ့ ဝန်ဆောင်မှုပုံစံတစ်ခုအနေနဲ့ရရှိနိုင်မယ့် software ဖြစ်ပါတယ်“ ဟု Russell က ပြောဆိုခဲ့ပါတယ်။ Operator များအနေနဲ့ ၎င်းတို့ရဲ့ အင်တာနက်လိုင်းအကြပ်တည်းဆုံးအချိန်များကို ကိုင်တွယ်ဖြေရှင်း နိုင်ရန်အတွက်လုံလောက်သောပစ္စည်းကိရိယာများရှိဖို့ရင်းနှီးမြှုပ်နှံထားစရာမလိုတော့ပဲ အဆိုပါ software ကို အသုံးပြုကာဖြေရှင်းနိုင်တော့မှာဖြစ်တယ်ဟူ၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။ 

(Unicode)




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။