OnePlus CEO confirms another budget phone model in their upcoming launch event

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.3.2021 | လာမည့် launch event တွင် OnePlus ရဲ့ နောက်ထပ် budget phone model တစ်ခု ပါဝင်လာမှာဖြစ်ကြောင်း OnePlus ရဲ့ CEO မှ အတည်ပြုပြောကြားခဲ့ 

လာမည့် OnePlus9 စီးရီးဖုန်းများတွင် OnePlus ရဲ့ တတိယမြောက် ဈေးသက်သာသောဖုန်းတစ်လုံးလည်း ပါဝင်လာမှာဖြစ်တယ်လို့ OnePlus ကုမ္ပဏီရဲ့ CEO မှ တွေ့ဆုံဆွေးနွေးပွဲတစ်ခုတွင် အတည်ပြုပြောကြားခဲ့ကြောင်း Android Police မှ သတင်းတစ်ပုဒ်အရ သိရှိခဲ့ရပါတယ်။ 

ပြောစကားအရ OnePlus9 နဲ့ 9 Pro တို့အပြင် OnePlus ဟာ ပိုမိုဈေးသက်သာတဲ့ဖုန်းတစ်လုံးကို သူတို့ရဲ့ flagship ဖုန်းများနဲ့အတူပြသသွားဖို့ရှိနေပြီး ယနေ့အချိန်အထိမှာတော့ အဆိုပါဖုန်းဟာ အိန္ဒိယနိုင်ငံသို့ သေချာပေါက်ရောက်ရှိလာမယ်ဆိုတာကလွဲ၍ အခြားသောအချက်အလက်များကိုတော့ ပြောကြားလာခြင်း မရှိသေးပါဘူး။ 

အဆိုပါအင်တာဗျူးတွင် OnePlus ရဲ့ CEO ဖြစ်သူ Pete Lau မှ သူတို့အနေနဲ့ အဆိုပါဖုန်းတွင် ပါဝင်လာမည့် နည်းပညာနှင့် ဒီဇိုင်းပိုင်းတွင် OnePlus Nord တုန်းကထက်ပို၍ အားထုတ်သွားလိုကြောင်းကိုလည်း ပြောကြားခဲ့ပါသေးတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။