OnePlus announced plans to merge OxygenOS with Oppo’s ColorOS

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.7.2021 | သူတို့ရဲ့ OxygenOS ကို Oppo ရဲ့ ColorOS နှင့် ပေါင်းစည်းသွားရန်အတွက် အစီအစဉ်တစ်ရပ်ကို OnePlus မှ ကြေငြာ 

OnePlus ဟာ Oppo နှင့် ပေါင်းစည်းလိုက်ပြီဖြစ်ပြီး Oppo ရဲ့ လက်အောက်ခံ brand တစ်ခု ဖြစ်လာတော့မှာဖြစ်ကြောင်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၆ရက်နေ့က ကြေငြာခဲ့ပြီးနောက် သူတို့ဟာ OxygenOS နဲ့ Oppo ရဲ့ ColorOS operating system များကိုလည်း ပေါင်းစပ်မှုများကို ပြုလုပ်သွားတော့မှာဖြစ်ကြောင်း ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။ 

ကုမ္ပဏီ ၂ ခုလုံးရဲ့ software များဟာ သီးခြားတည်ရှိနေဦးမှာဖြစ်ပြီး သက်ဆိုင်ရာဒေသများတွင်သာ သီးခြားထုတ်လုပ်သွားမှာဖြစ်ပါတယ်။ Global OnePlus ဖုန်းများအတွက် OxygenOS ကိုထည့်သွင်းသွားမှာဖြစ်ပြီး တရုတ်နိုင်ငံအတွင်း ဖြန့်ချီမည့် Oppo နှင့် OnePlus ဖုန်းများအတွက်ကိုတော့ ColorOS ကို အသုံးပြုသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ 

သို့သော် ကုမ္ပဏီနှစ်ခုစလုံးဟာ သူတို့ရဲ့ အခြေခံ Code များကိုတော့ တူညီတဲ့ codebase တစ်ခုကိုသာ မျှဝေသုံးစွဲသွားမှာဖြစ်ပါတယ်။ OnePlus မှ Global အတွက်ဖြန့်ချီသွားမည့် OnePlus ဖုန်းများကို အသစ်မွမ်းမံထားတဲ့ OxygenOS ဖြင့် ထည့်သွင်းထုတ်လုပ်သွားမှာဖြစ်သလို လက်ရှိဈေးကွက်အတွင်းတွင်ရှိနေတဲ့ OnePlus ဖုန်းများအတွက်ကိုလည်း software update များကို မကြာမှီတွင်ထုတ်လွှင့်ပေးသွားနိုင်ချေရှိနေပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။