OnePlus 9 RT will reportedly release in China and India Markets very soon

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

31.8.2021 | OnePlus 9 RT ကို တရုတ်နှင့် အိန္ဒိယဈေးကွက်များ၌ မကြာမှီ ဖြန့်ချီသွားတော့မည်ဖြစ်

OnePlus ဟာ သူတို့ရဲ့ 9-series ဖုန်းများရဲ့ ပုံစံကွဲတစ်ခုဖြစ်တဲ့ 9 RT ကို ထုတ်လုပ်၍ဖြန့်ချီနိုင်ရန်အတွက် စီစဉ်လျှက်ရှိနေပြီဖြစ်ကြောင်း Android Central မှ သတင်းများအရ သိရှိရပါတယ်။ ၎င်းဟာ Flagship ဖုန်းများဖြစ်တဲ့ 9 နဲ့ 9 Pro တို့ထက် အရည်အသွေးလျှော့ချထားတဲ့ spec များနဲ့ ယခုနှစ်အစောပိုင်းက ထုတ်လုပ်ဖြန့်ချီခဲ့တဲ့ OnePlus 9 R ကို အနည်းငယ်ပိုမို၍ upgrade ပြုလုပ်ထားတဲ့ model တစ်ခုဖြစ်ပါတယ်။ 

Android Central ရဲ့ သတင်းတစ်ပုဒ်အရ OnePlus 9 RT ဟာ လာမည့် အောက်တိုဘာလအတွင်း Snapdragon 870 processor, 120Hz OLED screen, 4500mAh battery နှင့် OxygenOS 12 တို့ဖြင့် ထွက်ရှိလာမှာဖြစ်ပြီး အနောက်ကင်မရာကိုတော့ 50-megapixel sensor ကို တပ်ဆင်ထားပြီး 9 နဲ့ 9 Pro တွင် ပါဝင်သည့်အတိုင်း တူညီတဲ့ Ultra-Wide Camera ကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ 

ယခုအခါတွင် OnePlus 9 RT ကို တရုတ်နှင့် အိန္ဒိယနိုင်ငံများတွင် ရောင်းချပေးသွားဖို့ အစီအစဉ်များကို ပြုလုပ်လျှက်ရှိနေပြီဖြစ်သော်လည်း မြောက်အမေရိကတိုက်နှင့် ဥရောပတိုက်ဈေးကွက်များတွင်တော့ ရောင်းချပေးသွားဖို့ အစီအစဉ်မရှိသေးကြောင်းကိုလည်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။