One of UK’s first confirmed cases of the new COVID-19 variant Omicron has been identified

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.12.2021 | UK နိုင်ငံတွင် ပထမဆုံး COVID-19 မျိုးကွဲ Omicron ဖြစ်ပွားမှုအား စတင်တွေ့ရှိခဲ့ 

UK နိုင်ငံတွင် COVID-19 မျိုးကွဲအသစ် Omicron ကူးစက်ခံရတဲ့ ပထမဆုံး case တစ်ခုကို အတည်ပြုနိုင်ခဲ့ပြီဖြစ်ပြီး အဆိုပါ Omicron virus ကူးစက်ခံရသူမှာ Nottingham တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။ လွန်ခဲ့တဲ့ စနေနေ့က Nottingham နှင့် Essex ပြည်နယ်များရှိ လူ (၂) ဦးဟာ အဆိုပါ COVID-19 မျိုးကွဲအသစ် ကူးစက်ခံခဲ့ရကြောင်း UK အာဏာပိုင်များမှ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

Nottingham တက္ကသိုလ်မှ တောင်အာဖရိကတိုက်တွင် စတင်တွေ့ရှိခဲ့တဲ့ အဆိုပါ virus မျိုးကွဲကို COVID positive တွေ့ရှိရတဲ့ sample ကို ထပ်မံစစ်ဆေးမှုများပြုလုပ်ခဲ့တဲ့အတွက် ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ကူးစက်ခံထားရတဲ့ အဆိုပါကျောင်းသားဟာ လောလောဆယ်တွင် ကျောင်းသို့တက်ရောက်ခြင်းမရှိပဲ self-isolating ပြုလုပ်နေကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။ UK Health Security Agency (USHSA) အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရတော့ အဆိုပါ Nottingham နှင့် Essex ပြည်နယ်များတွင် ဖြစ်ပွားခဲ့တဲ့ case (၂) ခုစလုံးဟာ တောင်အာဖရိကတိုက်သို့ ခရီးသွားလာခဲ့မှုနှင့် ဆက်စပ်နေကြောင်း သိရှိရပါတယ်။ 

Nottingham တက္ကသိုလ်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ Local Democracy Reporting Service (LDRS) သို့လည်း “ကျွန်ုပ်တို့အနေနဲ့ ပုံမှန်အတိုင်းဆိုလျှင် case တစ်ခုခြင်းစီအပေါ် မှတ်ချက်ပေးခြင်းပြုလုပ်လေ့မရှိသော်လည်း ဒီကျောင်းသားဟာ ယခုအခါနိုင်ငံတစ်ဝှမ်းလုံးသို့ပြန့်ပွားကူးစက်လျှက်ရှိနေတဲ့ Omicron virus မျိုးကွဲကူးစက်ခံရတဲ့ case များထဲတွင် တစ်ခုအပါအဝင်ဖြစ်နေတယ်ဆိုတာကိုတော့ အတည်ပြုနိုင်ပါတယ်။ ဒီကျောင်းသားဟာလည်း လက်ရှိတွင် ကျောင်းသို့တက်ရောက်နေခြင်းမရှိပဲ ကူးစက်ခံရတဲ့အချိန်တစ်လျှောက်လုံးတွင် self-isolation ပြုလုပ်နေခဲ့တာဖြစ်ပြီး ကျွန်ုပ်တို့ဟာ ပြည်သူ့ကျန်းမာရေးအာဏာပိုင်များနှင့်အတူတကွပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်၍ အဆိုပါကျောင်းသားများကို ကူညီထောက်ပံ့ပေးမှုများပြုလုပ်ပေးလျှက်ရှိနေပြီး သူတို့မြန်ဆန်စွာ ပြန်လည်ကျန်းမာလာဖို့ကိုလည်း ဆုတောင်းပေးနေပါတယ်” ဟူ၍ ပြောဆိုခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။