Obi-Wan arrived to Fortnite on May 26th

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.6.2022 | မေလ ၂၆ ရက်နေ့တွင် Fortnite သို့ Obi-Wan ဇာတ်ကောင်ကို ထည့်သွင်းပေးခဲ့

Epic games မှ Obi-Wan Kenobi ဇာတ်ကောင်ကို မေလ ၂၆ ရက်နေ့တွင် ၎င်းတို့ရဲ့ Battle royale game အတွင်း ထည့်သွင်းပေးခဲ့ပြီး ၎င်းဟာ နောက်ဆုံးပေါ် Star War ဇာတ်ကောင်တစ်ဦးဖြစ်လာပြီဖြစ်တယ်လို့ ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။

ဒါဟာ Obi-Wan Kenobi ရဲ့ ဇာတ်လမ်းအသစ်ကို Disney Plus ပေါ်သို့ မရောက်မှီ ၁ ရက်အလိုတွင် ထိုသို့ ထည့်သွင်းပေးခဲ့တာဖြစ်ပြီး ဒီ Jedi Knight အပြင် player များအနေနဲ့ Jedi Interceptor glider နဲ့ (စိတ်မကောင်းစွာပဲ) lightsaber မဟုတ်တဲ့ pickaxe blade တို့ပါဝင်တဲ့ bundle ကိုလည်း ဝယ်ယူနိုင်ဦးမှာဖြစ်ပါတယ်။

ဒါဟာ Fortnite နဲ့ Star Wars တို့အကြားက ပထမဆုံး crossover ပြုလုပ်ခြင်းတော့ မဟုတ်ပါဘူး။ ယခုလအတွင်းမှာပဲ Epic ဟာ lightsaber များကို ဂိမ်းအတွင်းသို့ ယာယီပြန်လည်ထည့်သွင်းပေးခဲ့ပြီး ထိုကိစ္စ မတိုင်မှီကလည်း The Mandalorian ကဲ့သို့သောဇာတ်ကောင်များကို Fortnite season အသစ်များအတွက် ထည့်သွင်းပေးခဲ့ဖူးပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။