Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Pcmag.com ရဲ့ သတင်းများအရ Nvidia ဟာ သူတို့ရဲ့ RTX3080 နဲ့ 3090 Founders Edition graphic card များကို online store ပေါ်ကတဆင့်တိုက်ရိုက်ရောင်းချကြတော့မှာမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံက user များအနေနဲ့ ထို graphic card များကို Best Buy ကနေတဆင့် ဝယ်ယူရတော့မှာဖြစ်ပါတယ်။
ဒီအပြောင်းအလဲကို Nvidia ရဲ့ website ပေါ်တွင်တင်ထားတဲ့ RTX 3080 နဲ့ 3090 များ ချက်ချင်း sold out ဖြစ်သွားပြီးနောက်တွင် supply issue များ၊ retail website များရဲ့ malfunctioning ဖြစ်မှုများနဲ့ bot များက customer များထက်အရင် အဆိုပါ product များကို ဝယ်ယူသွားပြီးနောက် eBay ကဲ့သို့သော third-party site များတွင် ပိုမို၍များပြားလှသောဈေးဖြင့် ပြန်လည်ထွက်ပေါ်လာတဲ့အတွက်ကြောင့် ပြုလုပ်လိုက်ရတာပဲဖြစ်ပါတယ်။
ဒါဟာ သူတို့က ဘာကြောင့် ဆိုင်များကနေတဆင့် ပြန်လည်ရောင်းချဖို့ကို ပြောင်းလဲလိုက်ရသလဲဆိုတာရဲ့ အကြောင်းပြချက်လည်း ဖြစ်နေနိုင်ပါတယ်။ Nvidia က “သင်တို့ထံမှ Nvidia online store အကြောင်း ဝေဖန် အကြံပြုချက်များကို ကြားသိခဲ့ရတဲ့အတွက် ကျွန်ုပ်တို့ဟာ ပိုမို၍ကောင်းမွန်လာစေရန် လုပ်ဆောင်ပေးလျှက်ရှိပါ တယ်။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။ “တစ်ချိန်တည်းမှာပဲ ကျွန်ုပ်တို့ရဲ့ GeForce RTX 3080 နဲ့ RTX 3090 Founders Edition ကို အခြားသော partner များကနေတဆင့် ရောင်းချပေးသွားမှာဖြစ်ပါတယ်။” ဟူ၍လည်း ထပ်မံဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။ “အမေရိကန်နိုင်ငံအတွင်းတွင် သင်တို့အနေနဲ့ Founders Edition RTX 3080 နဲ့ 3090 ကို BestBuy တွင် ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး၊ ဥရောပနိုင်ငံများအတွက်ကိုတော့ Founders Edition ကို တင်ပို့ပေးနိုင်မယ့်၊ ရရှိနိုင်စေမယ့်နည်းလမ်းများကို ကြံဆပေးနေပါတယ်။” ဟူ၍လည်း ပြောကြားခဲ့ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။