Nvidia’s $40 Billion worth acquisition of ARM has been called off

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.2.2022 | ကန်ဒေါ်လာ ဘီလျံ ၄၀ ဖြင့် Nvidia မှ ARM ကို ဝယ်ယူရန် ဆောင်ရွက်နေမှုအား ဖျက်သိမ်းခဲ့ 

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအတွင်း ကြေငြာမှုပြုလုပ်ခဲ့တဲ့ ကွန်ပျူတာချစ်ပ်ထုတ်လုပ်ရေးလောကတွင် အကြီးဆုံးဝယ်ယူမှုတစ်ခု ဖြစ်လာနိုင်ခြေရှိသော Nvidia မှ ARM ကို ကန်ဒေါ်လာ ဘီလျံ ၄၀ ဖြင့် ဝယ်ယူရန်ကြိုးပမ်းမှုဟာ ယခုအခါတွင် ဖျက်သိမ်းလိုက်ရပြီပဲဖြစ်ပါတယ်။ 

ARM ရဲ့ ပင်ရင်းကုမ္ပဏီ SoftBank မှ ရေးသားခဲ့တဲ့ ကြေငြာစာတစ်စောင်တွင် ၎င်းတို့ဟာ ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် အဆိုပါဝယ်ယူ/ရောင်းချမှုကို ပြုလုပ်နိုင်ရန်ကြိုးပမ်းခဲ့ကြတာဖြစ်သော်လည်း ဥပဒေကြောင်းအရ အတားအဆီးများရှိနေပြီး အပြီးသတ်နိုင်ရန် ခက်ခဲနေတဲ့အတွက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် အဆိုပါသဘောတူညီချက်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းခဲ့ပါတယ်ဟူ၍ ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

အဆိုပါဝယ်ယူမှုကို ပြုလုပ်ရန် ပျက်ကွက်ခဲ့တဲ့အတွက် Nvidia မှ Softbank ကို ကန်ဒေါ်လာ ၁.၂၅ ဘီလျံ ပေးဆောင်ရမှာဖြစ်ပြီး ARM ရဲ့ CEO ဖြစ်သူ Simon Segars ကတော့ CEO အဖြစ်မှ နှုတ်ထွက်ခဲ့ပါတယ်။ ယခုအခါတွင် ARM ရဲ့ head of IP ဖြစ်သူ Rene Haas က CEO နေရာတွင် အစားထိုးဆက်ခံသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။  

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။