NVidia intends to buy ARM from Softbank

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.9.2020 | Nividia က ARM ကို Softbank ထံမှဝယ်ယူဖို့အတွက် ကြံစည်လျှက်ရှိ

ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့က Nividia က chip designer ARM ကို Softbank ထံမှ အမေရိကန်ဒေါ်လာ ဘီလျံ ၄၀ ဖြင့်ဝယ်ယူရန်သဘောတူညီမှုရှိခဲ့ပြီဖြစ်ကြောင်းကို ပြောဆိုသွားခဲ့ပါတယ်။

Nividia ရဲ့ CEO ဖြစ်သူ Jensen Huang က ဝန်ထမ်းများထံသို့ ပေးပို့ခဲ့တဲ့ email တစ်စောင်တွင် အဆိုပါ ဒေါ်လာ ဘီလျံ ၄၀တန် သဘောတူညီချက်ဟာ သူတို့ကို “AI ခေတ်တွင်” အရေးပါတဲ့ အဓိက player တစ်ယောက်ဖြစ်လာစေဖို့အတွက် ကူညီပေးနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

Softbank ရဲ့ CEO နဲ့ Chairman ဖြစ်သူ Masayoshi Son ကတော့ Nividia ကို ARM အတွက် အသင့်တော် ဆုံး လုပ်ငန်းပါတနာတစ်ယောက်ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ARM က သူတို့ရဲ့ Chip design များကို ပြင်ပကုမ္ပဏီများကိုရောင်းချသည့် စီးပွားရေးကို ဆက်လက်လုပ်ကိုင် သွားမှာဖြစ်ပါတယ်။ ARM ကိုအခြေခံတဲ့ processor များဟာ စမတ်ဖုန်းများနဲ့ data center ဈေးကွက်များတွင် ရေပန်းစား လူကြိုက်များလျှက်ရှိနေပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။