Nvidia Alters Their Graphics Cards to Become Less Useful to Cryptominers

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

31.5.2021 | Cryptocurrency Mining ပြုလုပ်သူများအတွက် အသုံးဝင်မှုနည်းပါးသွားစေရန်အတွက် Nvidia မှ သူတို့ရဲ့ Graphics Card များကို ပြောင်းလဲမှုပြုလုပ်ခဲ့ 

Ethereum cryptocurrency mining ပြုလုပ်လိုတဲ့ user များအတွက် အသုံးဝင်မှုပိုမိုနည်းပါးသွားစေရန်အတွက် နောက်ထပ်ထုတ်လုပ်သွားမည့် RTX 3080, 3070 နှင့် 3060 Ti graphics cards များကို ETH hash rate လျှော့ချသွားမှာဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် Nvidia မှ ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်အသိပေးခဲ့ပါတယ်။ 

Nvidia ရဲ့ GeForce Marketing အကြီးအကဲဖြစ်တဲ့ Matt Wuebbling မှ “အဆိုပါ hash rate လျှော့ချခြင်းဟာ အသစ်ထုတ်လုပ်လာမည့် ကဒ်များအပေါ်တွင်သာသက်ရောက်မှုရှိမှာဖြစ်ပြီး lite hash rate ဟူသည့် label ပါဝင်လာမှာဖြစ်ပြီး အကယ်၍ ယခင်ထုတ်လုပ်ခဲ့တဲ့ RTX 30 စီးရီးမှ graphics card များကို ကံကောင်းစွာနဲ့ ဝယ်ယူရရှိခဲ့တယ်ဆိုရင်တော့ ဒီ hash rate လျှော့ချမှုဟာ သင့်အပေါ်သက်ရောက်နိုင်မှာမဟုတ်ပါဘူး။” ဟူ၍ blogpost တစ်ခုတွင် ရေးသားထားခဲ့ပါတယ်။  

Nvidia ရဲ့ အဆိုအရ lite hash rate label ပါဝင်လာမည့် RTX 3080, 3070 နှင့် 3060 Ti ကဒ်များကို မေလအကုန်ခန့်တွင် စတင်၍တင်ပို့သွားမှာဖြစ်ပြီး “ဒီပြောင်းလဲမှုအဆင့်ဟာ GeForce ရဲ့ ကဒ်များကို နေရာအနှံ့အပြားရှိ gamer များရဲ့ လက်တွင်းသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောက်ရှိလာစေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟူ၍လည်း Weubbling မှ ရေးသားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။