Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Npower ဟာ သူတို့ရဲ့ app ကို cyber တိုက်ခိုက်ခြင်းခံခဲ့ရပြီး အချို့အသုံးပြုသူများရဲ့ ငွေကြေးဆိုင်ရာနှင့် ကိုယ်ရေးအချက်အလက်များ၊ ဆက်သွယ်ရန်အချက်အလက်များ၊ မွေးနေ့များ၊ နေရပ်လိပ်စာနှင့် ဘဏ်အကောင့်နံပါတ်တစိတ်တပိုင်းတို့ ခိုးယူခံခဲ့ရတဲ့အတွက် ပိတ်သိမ်းလိုက်ပြီပဲဖြစ်ပါတယ်။
ကုမ္ပဏီမှ အကောင့်ဘယ်လောက်များများဟာ အဆိုပါလုံခြုံရေးကျိုးပေါက်မှုတွင် ပါဝင်သွားခဲ့သလဲဆိုတာကိုတော့ ပြောကြားမှုတစ်စုံတစ်ရာပြုလုပ်ခြင်းမရှိသေးသော်လည်း အဆိုပါအကောင့်များကို lock ချထားကြောင်းကိုတော့ BBC news သို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ ထိုသို့ဖြစ်ပွားခဲ့တဲ့ customer များထံသို့ဆက်သွယ်မှုပြုလုပ်ခဲ့ပြီး အဆိုပါအကြောင်းအရာနဲ့ ပတ်သက်လို့ အကြောင်းကြားပေးခဲ့ပြီး သူတို့ရဲ့ password များကို ပြောင်းပစ်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ နောက်ပြီး သူတို့ရဲ့ online အကောင့်များကို ခွင့်ပြုချက်မရှိပဲဝင်ရောက်၍ မရနိုင်စေဖို့အတွက်ကိုလည်း အကြံပေးမှုများပြုလုပ်ပေးခဲ့ပါတယ်” ဟူ၍ Npower မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။