Nothing announced it's Nothing Phone 1 starting at $475

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.7.2022 | Nothing မှ ၎င်းတို့ရဲ့ Nothing Phone 1 ကို ကန်ဒေါ်လာ ၄၇၅ ဖြင့် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း ကြေငြာ

Nothing ကုမ္ပဏီမှ ၎င်းတို့ရဲ့ Nothing Phone 1 လို့အမည်ပေးထားတဲ့ ပထမဆုံး smartphone ကို စတင်ရောင်းချသွားတော့မှာဖြစ်ကြောင်း ဇူလိုင်လ ၁၂ ရက်နေ့က launch event ပွဲတွင် ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

Nothing ကို OnePlus ရဲ့ co-founder တစ်ဦးဖြစ်သူ Carl Pei က ဦးဆောင်နေတာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ခဲ့တဲ့ Ear 1 true wireless earbuds နားကြပ်များအပြီး Nothing ရဲ့ ဒုတိယမြောက် ထုတ်ကုန်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ 

Nothing Phone 1 ကို ဇူလိုင်လ ၂၁ ရက်နေ့တွင် အမေရိကရှိ နေရာအချို့တွင် စတင်ရောင်းချပေးသွားမှာဖြစ်ပြီး ကန်ဒေါ်လာ ၄၇၅ ခန့်နှင့် ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရှိရပါတယ်။ ဒီ Model တွင် RAM 8GB နှင့် 128GB storage ပါဝင်မှာဖြစ်ပြီး ယခုနှစ် နွေရာသီနှောင်းပိုင်းတွင် ဖြန့်ချီရောင်းချသွားမည့် ကန်ဒေါ်လာ ၅၉၃ ပေးရမယ့် Model မှာတော့ RAM 12GB နှင့် 256GB storage ပါဝင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။  

Nothing Phone 1 ကို အမေရိကရှိ နေရာအချို့၊ UK၊ ဂျပန်၊ အိန္ဒိယနှင့် ဥရောပတိုက်အတွင်းရှိ နိုင်ငံအချို့အပါအဝင် စုစုပေါင်းဈေးကွက် ၄၀ ကျော်ခန့်တွင် ဖြန့်ချီသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။