North Korean hackers stole nearly $400 million worth of crypto last year

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.1.2022 | မြောက်ကိုရီးယားဟက်ကာများမှ ကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရှိသော crypto ငွေကြေးများကို ပြီးခဲ့တဲ့နှစ်အတွင်း ခိုးယူနိုင်ခဲ့

မြောက်ကိုရီးယားနိုင်ငံရှိဟက်ကာများဟာ ပြီးခဲ့တဲ့နှစ်အတွင်း cryptocurrency exchange များနှင့် investment လုပ်ငန်းများကို ဖောက်ထွင်းမှု (၇) ခုပြုလုပ်ခဲ့ကြပြီး စုစုပေါင်း ကန်ဒေါ်လာ ၃၉၅ သန်း တန်ကြေးရှိ crypto coin များကို ခိုးယူနိုင်ခဲ့ကြတယ်လို့ blockchain analysis firm တစ်ခုဖြစ်တဲ့ Chainalysis  ရဲ့ ထုတ်ပြန်မှုအရ သိရှိရပါတယ်။

ဒါဟာပြီးခဲ့တဲ့နှစ်အတွင်း မြောက်ကိုရီးယားအခြေစိုက် ဟက်ကာအဖွဲ့များအနေနဲ့ ပြုလုပ်ခဲ့တဲ့ ဖောက်ထွင်းမှုများနှင့်နှိုင်းယှဉ်လိုက်ပါက ကန်ဒေါ်လာ သန်း ၁၀၀ ခန့်ပိုမိုမြင့်တက်လာခဲ့ပြီး လွန်ခဲ့သော (၅) နှစ်တာကာလအတွင်းတွင် cryptocurrency တစ်ခုတည်းကပင် စုစုပေါင်းတန်ကြေး ကန်ဒေါ်လာ ၁.၅ ဘီလျံအထိကို ဖောက်ထွင်းရယူနိုင်ခဲ့ကြပါတယ်။ ဒါဟာ သာမန်ငွေကြေးနှင့် ဘဏ္ဍာရေးစနစ်များမှ ဖောက်ထွင်းရယူခဲ့တဲ့ သန်းပေါင်း ရာနှင့်ချီသောဖောက်ထွင်းမှုများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးပါဘူး။ 

Chainalysis ရဲ့ senior director တစ်ဦးဖြစ်သူ Erin Plante ကတော့ “သူတို့ဟာ တော်တော်လေးအောင်မြင်မှုရရှိခဲ့ပါတယ်” ဟူ၍ ပြောကြားခဲ့ပြီး လေ့လာတွေ့ရှိရမှုများအရ မြောက်ကိုရီးယားနိုင်ငံမှ ကျူးလွန်ခဲ့သော ကမ္ဘာတစ်ဝှမ်းဆိုင်ရာ ငွေကြေးရာဇဝတ်မှုများဟာ အမေရိကန်နိုင်ငံရဲ့ တရားဥပဒေရေးအရ တင်းကြပ်မှုများအကြားတွင်တောင်မှ ပိုမို၍တိုးပွားလာလျှက်ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်းကလည်း US Justice Department မှ မြောက်ကိုရီးယားနိုင်ငံသား (၃) ဦးကို cryptocurrency လုပ်ငန်းများမှ ကန်ဒေါ်လာ ၁၂၁ သန်း ခိုးယူခဲ့မှုနှင့် အခြားသော ငွေကြေးဆိုင်ရာပြစ်မှုများဖြင့် စွဲချက်ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။