Nissan plans to launch its first EV with a solid-state battery by 2028

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.4.2022 | Nissan ကားကုမ္ပဏီမှ ၎င်းတို့ရဲ့ ပထမဆုံးလျှပ်စစ်ကားကို Solid-state battery များကို အသုံးပြု၍ ၂၀၂၈ ခုနှစ်တွင် စတင်ထုတ်လုပ်ရောင်းချနိုင်ရန် စီစဉ်လျှက်ရှိနေ

Nissan မှ ဂျပန်နိုင်ငံ၊ ယိုကိုဟားမားတွင် နမူနာပုံစံ (prototype) ထုတ်လုပ်သည့်စက်ရုံတစ်ခုကို တည်ဆောက်ထားပြီးဖြစ်ကြောင်း ဧပြီလ ၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပြီး ကုမ္ပဏီရဲ့ ပြောကြားချက်အရ အဆိုပါစက်ရုံတွင် လျှပ်စစ်ကားများတွင်အသုံးပြုမည့် solid-state battery များကို ထုတ်လုပ်သွားရန် ရည်မှန်းထားကြောင်း သိရှိရပါတယ်။ 

ကုမ္ပဏီရဲ့ ပြောကြားချက်အရ “၎င်းတို့ရဲ့ Prototype production facility တွင် ပါဝင်မည့်ပစ္စည်းများ၊ ဒီဇိုင်းနှင့် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များကို လေ့လာပြီးနောက် အဆိုပါ pilot production line ကို ယိုကိုဟားမားပြည်နယ်ရှိ စက်ရုံတွင် လာမည့် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း တည်ဆောက်သွားရန် စီစဉ်ထားကြောင်း သိရှိရပါတယ်”။ ဒါ့အပြင် Nissan ဟာ ၎င်းတို့ရဲ့ solid-state battery များဖြင့် သီးသန့်တည်ဆောက်ထားသည့် ပထမဆုံးလျှပ်စစ်ကားကို ၂၀၂၈ ခုနှစ်တွင် တင်ပို့ရောင်းချသွားနိုင်ရန် ရည်မှန်းထားကြောင်း သိရှိရပါတယ်။ 

သီအိုရီပိုင်းအရ solid-state battery များဟာ ပိုမိုမြန်ဆန်စွာအားသွင်းနိုင်ခြင်း၊ စွမ်းအင်ပမာဏများများ သိုလှောင်နိုင်ခြင်းနှင့် လက်ရှိလျှပ်စစ်ကားအများစုတွင် အသုံးပြုနေသော lithium-ion battery များထက် ပိုမိုတာရှည်ခံခြင်း အစရှိတဲ့အားသာချက်တွေကို ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ Nissan ကတော့ ၎င်းတို့ရဲ့ pickup truck ကားများအပြင် ၎င်းတို့ထုတ်လုပ်သွားမည့် ယာဉ်များအားလုံးတွင် အဆိုပါ solid-state battery များကို တဖြည်းဖြည်း ထည့်သွင်းအသုံးပြုသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။