Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Nintendo ဟာ Switch console ပေါ်တွင် pirated ဂိမ်းများ ဆော့ကစားနိုင်စေ ဖို့အသုံးပြုရတဲ့ tool များကိုရောင်းချနေတဲ့ website တစ်ခုကို တရားစွဲဆိုရာတွင် လျော်ကြေးအနေနဲ့ ဒေါ်လာ ၂သန်း (£1.5 သန်း) ကို ရရှိခဲ့ပါတယ်။ အသုံးပြုသူများကို ဂိမ်းများ အခမဲ့ install ပြုလုပ်နိုင်စေပြီး ဆော့ကစားနိုင်စေသော hardware နဲ့ software များရောင်းချခြင်းအတွက် တရားစွဲဆိုခံခဲ့ရတဲ့ကုမ္ပဏီကတော့ Uberchip ဆိုတဲ့ ကုမ္ပဏီတစ်ခုပဲဖြစ်ပါ တယ်။
တရားရုံးအဆုံးအဖြတ်ရဲ့ တစိတ်တပိုင်းအနေနဲ့ သူတို့ဟာ လက်ရှိ၊ ရှိနေသောပစ္စည်းများကို ဖျက်ဆီးပစ်ရတော့မှာ ဖြစ်သလို့ သူတို့ရဲ့ domain name ကိုလဲ Nintendo သို့ လွှဲပြောင်းပေးရတော့မှာဖြစ်ပါ တယ်။ သူတို့ရောင်းချခဲ့ကြတဲ့ tool များကိုတော့ Team-Xecuter လို့ခေါ်တွင်တဲ့ ဟက်ကာအဖွဲ့တစ်ဖွဲ့က ပြုလုပ် ပေးခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ SX OS လို့ခေါ်တဲ့ တရားမဝင် operating system တစ်ခုကို ရေးဆွဲထုတ်လုပ် ခဲ့ကြပြီး ထိုအရာကို install ပြုလုပ်ပေးနိုင်တဲ့ tool များကို ရောင်းချခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ chip များဟာ Nintendo Switch နဲ့ Switch Lite console များပေါ်တွင်အလုပ်လုပ်နိုင်ကြပါတယ်။
Uberchips ဟာ အဆိုပါ tool များကိုရောင်းချလျှက်ရှိနေသောစတိုးဆိုင်များအနက်က တစ်ခုမျှသာဖြစ်ပြီး ဒီအမှုဟာ တရားသူကြီးထံမှအမိန့်ကိုစောင့်ဆိုင်းနေဆဲကာလတွင်သာရှိနေပြီး အပြီးမသတ်သေးပါဘူး။ Nintendo က အခြားသော SX OS product များကို ရောင်းချနေတဲ့ ရောင်းချသူ ၈ဦးကိုလဲ သီးသန့်အမှုတစ်ခု ဖွင့်ပြီး တရားစွဲဆိုထားခဲ့ပါသေးတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။