Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
ပြီးခဲ့တဲ့ ဆောင်းဦးရာသီတွင် ကျင်းပခဲ့သော Nintendo Direct event တွင် Nintendo မှ Super Mario Bros. animated ရုပ်ရှင်ဇာတ်ကားကို Minion ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ Illumination ဆိုတဲ့ animation studio တစ်ခုဖြင့် ရိုက်ကူးလျှက်ရှိနေကြောင်း ထုတ်ဖော်ကြေငြာခဲ့ပါတယ်။
ယခုအခါမှာတော့ အဆိုပါရုပ်ရှင်ဇာတ်ကားဟာ ရုပ်ရှင်ရုံများသို့ နဂိုစီစဉ်ထားသည့်အတိုင်း ဒီဇင်ဘာလ ၂၁ တွင် ရုပ်ရှင်ရုံများသို့ရောက်ရှိလာနိုင်တော့မှာမဟုတ်ပဲ ၂၀၂၃ ခုနှစ် နွေဦးရာသီသို့ ရွှေ့ဆိုင်းခဲ့ရကြောင်း Nintendo မှ ပြန်လည်၍ ကြေငြာခဲ့ပါတယ်။
Mario game ရဲ့ ဖန်တီးသူ Shigeru Miyamoto ရဲ့ Twitter စာမျက်နှာပေါ်တွင် ပြောကြားထားချက်အရ co-producer တစ်ဦးဖြစ်တဲ့ Chris Meledandri နဲ့ တိုင်ပင်မှုများအပြီးတွင် ဒီ Super Mario Bros. animation ရုပ်ရှင်ဇာတ်လမ်းအတွက် release date ကို ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံတွင် ဧပြီလ ၂၈ ရက်နေ့နှင့် မြောက်အမေရိကတိုက်တွင် ဧပြီလ ၇ ရက်နေ့တို့တွင် အသီးသီးပြသသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။