Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
VGC မှ ဖော်ပြထားသောသတင်းတစ်ပုဒ်အရ Nintendo ကုမ္ပဏီအကြီးအကဲဖြစ်သူ Mr Furukawa မှ ဖော်ပြပါ ကမ္ဘာလုံးဆိုင်ရာ semiconductor မလုံလောက်မှုပြဿနာကြောင့် PS5, Xbox Series X/S, graphics cards များနဲ့ အခြားသော လျှပ်စစ်ပစ္စည်းများထုတ်လုပ်ရေးတွင် အခက်ကြုံနေရခြင်းအား Nikkei Asia သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောကြားသွားခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ Switch များကို ထုတ်လုပ်နိုင်ဖို့လိုအပ်တဲ့ ပါဝင်ပစ္စည်းများကို ယခင်ကရယူနိုင်ခဲ့ပါတယ်။ သို့ပေမယ့် ဂျပန်နိုင်ငံနဲ့အခြားနိုင်ငံများတွင် ယခုနှစ်အစပိုင်းလောက်မှစတင်ပြီး ဝယ်လိုအားဟာအဆမတန်မြင့်တက်လာခဲ့တဲ့အတွက် အနာဂါတ်ကာလများ၌ ကုန်သည်အချို့ထံတွင် ကုန်ပစ္စည်းရှားပါးလာမှုပြဿနာများရှိလာနိုင်ပါတယ်။” “ယခုအချိန်မှာတော့ ဒီအရာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို ပြောဖို့ ခက်ခဲလွန်းပါတယ်၊ ဒါပေမယ့် အချို့သောအခြေအနေများတွင် မှာယူမှုအားလုံးအတွက် လုံလောက်စွာပြင်ဆင်ထုတ်လုပ်ပေးနိုင်စွမ်းမရှိတာမျိုး ဖြစ်လာနိုင်ပါတယ်။” ဟူ၍ Mr Furukawa မှ ပြောကြားသွားခဲ့ပါတယ်။
အထူးသဖြင့် COVID-19 ကပ်ရောဂါကာလအတွင်းတွင် console များအားမှာယူမှုမြင့်တက်လာခဲ့တာကြောင့် Nintendo ဟာ အမှာစာများအားပြည့်မှီအောင်ဖြည့်ဆည်းပေးနိုင်ရန် အတော်ပင်ရုန်းကန်ခဲ့ရပြီး Nintendo Switch မလုံလောက်မှုများနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။