Nintendo Officially Announced the New “Switch OLED Model” Will Come Out On Oct 8

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.7.2021 | အောက်တိုဘာလ ၈ ရက်နေ့တွင် Nintendo Switch OLED Model ကို ရောင်းချပေးသွားမှာဖြစ်ကြောင်း Nintendo မှ အတိအလင်းကြေငြာ

Nintendo Switch Pro အသစ် ထွက်ရှိလာမည့်အကြောင်း ကောလဟာလများ၊ သတင်းများ များစွာထွက်ရှိခဲ့ပြီး လပေါင်းများစွာကြာမြင့်ပြီးနောက် Nintendo မှ နောက်ထပ်ထွက်ရှိလာတော့မည့် Nintendo Switch OLED Model ရဲ့အကြောင်းကို ဇူလိုင်လ ၆ ရက်နေ့က အတိအလင်းကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။

အဆိုပါ Nintendo Switch OLED Model ကို ကန်ဒေါ်လာ ၃၄၉.၉၉ ဖြင့် အောက်တိုဘာလ ၈ ရက်နေ့တွင် စတင်၍ ရောင်းချပေးသွားမှာဖြစ်ပြီး ၎င်းတွင် သာမန် Nintendo Switch များတွင်ထည့်သွင်းထားသည့် LCD screen အစား OLED screen ကို ထည့်သွင်းပေးထားပြီး ဖန်သားပြင်အရွယ်အစားအရ သာမာန် Nintendo Switch များရဲ့ ၆.၂ လက်မ မျက်နှာပြင်နှင့် Switch Lite ရဲ့ 5.5 လက်မ မျက်နှာပြင်တို့အစား ၇ လက်မရှိတဲ့ ဖန်သားမျက်နှာပြင်ကို ထည့်သွင်းထုတ်လုပ်သွားမှာဖြစ်တယ်လို့ Ars Technica မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။

ဒါ့အပြင် အခြားသော တိုးချဲ့မှုများဖြစ်တဲ့ ယခင်က Switch Model များတွင် ပါဝင်ခဲ့သည့် သေးငယ်သော ဒေါက်တစ်ခုအစား Device တစ်ခုလုံးကို ထောက်ပံ့ပေးနိုင်ပြီး ချိန်ညှိ၍ရနိုင်မည့် ခိုင်မာတဲ့ဒေါက်တစ်ခုပါဝင်လာခြင်း၊ Memory ပမာဏကို 32 GB မှ 64GB သို့ တိုးမြှင့်ပေးထားခြင်းတို့နှင့်အတူ ပိုမိုကောင်းမွန်တဲ့အသံစနစ်ကိုလည်း ထည့်သွင်းပေးထားမှာဖြစ်ပြီး ဘက်ထရီသက်တမ်းအနေနဲ့ကတော့ ယခင်အသုံးပြုလျှက်ရှိနေတဲ့ Switch Model များအတိုင်း ၄.၅ မှ ၉ နာရီအကြား အသုံးပြုနိုင်မှာဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။