Nintendo announced the collaboration with a Luxury Watch Brand for Super Mario Themed Watches

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.7.2021 | Luxury နာရီ Brand တစ်ခုနှင့် အကျိုးတူပူးပေါင်း၍ Super Mario ဒီဇိုင်း နာရီများကိုထုတ်လုပ်သွားရန်ရှိကြောင်း Nintendo မှ ကြေငြာ 

အရုပ်များကိုထုတ်လုပ်သူအဖြစ်နှင့်လည်း နာမည်ကြီးသော Nintendo ဟာ ယခုအခါတွင် Luxury နာရီများကို ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့ Tag Heuer နှင့် အကျိုးတူပူးပေါင်းမှုများကို ပြုလုပ်၍ Super Mario ဒီဇိုင်းဖြင့် နာရီများကို ထုတ်လုပ်သွားရန် စီစဉ်လျှက်ရှိနေကြောင်းကို Twitter တွင် ဇူလိုင်လ ၉ ရက်နေ့က ကြေငြာထားခဲ့ပါတယ်။ 

ယခုအခါ Customer များအနေနဲ့ Tag Heuer ရဲ့ website တွင် မကြာမှီကာလများအတွင်း ထွက်ရှိလာတော့မည့် အဆိုပါ Exclusive Limited Edition နာရီကို အစောဆုံး ဝယ်ယူရရှိနိုင်စေဖို့အတွက် ကြိုတင်မှာယူမှုများကိုလည်း ပြုလုပ်၍ ရနေပြီပဲဖြစ်ပါတယ်။ 

လက်ရှိမှာတော့ Tag Heuer ရဲ့ အဆိုပါ Official website တွင် ဈေးနှုန်းကိုဖော်ပြထားခြင်းမရှိသေးသော်လည်း Tag Heuer မှ ထုတ်လုပ်လျှက်ရှိနေတဲ့ နာရီများရဲ့ ဈေးနှုန်းအရ အဆိုပါ Nintendo နဲ့ collaborate ပြုလုပ်ထားတဲ့ Super Mario နာရီကို ဝယ်ယူရန်အတွက် ခန့်မှန်းခြေအနေနဲ့ ဒေါ်လာ ၂၀၀၀ ခန့် ကျသင့်နိုင်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။