Nigeria lifted its ban on Twitter

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.1.2022 | Twitter ကို ban ထားခြင်းကို Nigeria မှ ပြန်လည်ဖြေလျှော့ပေးခဲ့

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် စတင်အတည်ပြုခဲ့သော Nigeria နိုင်ငံမှ Twitter ကို ban ထားခြင်းအား Nigeria နိုင်ငံအစိုးရမှာ Twitter ဟာ ၎င်းတို့ရဲ့တောင်းဆိုချက်များအားလုံးကို လိုက်လျောပေးလိုက်ပြီဖြစ်တဲ့အတွက် ပြန်လည်၍ဖြေလျှော့ပေးလိုက်ပြီဖြစ်တယ်လို့ CNN မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

အဆိုပါတောင်းဆိုချက်များတွင် Twitter မှ Nigeria နိုင်ငံအတွင်းတွင် Local office တစ်ခုကိုဖွင့်လှစ်ရန်၊ ၎င်းနှင့် သက်ဆိုင်သော အခွန်ကိစ္စရပ်များနှင့်စပ်လျင်းသည့်ကိစ္စများကို ဖြေရှင်းရန်နှင့် Nigeria နိုင်ငံဥပဒေနှင့်အညီ တားမြစ်ထားသည့် content များကို ကောင်းမွန်စွာစီမံခန့်ခွဲရန် အစရှိသည့်တောင်းဆိုချက်များ ပါဝင်နေပါတယ်။ 

အဆိုပါအချက်များတွင် “Nigeria နိုင်ငံဥပဒေနှင့်အညီ တားမြစ်ထားသည့် content များကို ကောင်းမွန်စွာစီမံခန့်ခွဲရန်” ဆိုသည့်အချက်မှာ အထူးသဖြင့်အရေးပါမှုရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ဇွန်လ ၅ ရက်နေ့က Twitter ကို ban လိုက်ခြင်းဟာ Nigeria နိုင်ငံသမ္မတ Muhammadu Buhari ရဲ့ tweet တစ်ခုအား Twitter မှ ဖြုတ်ချခဲ့ခြင်းနဲ့ ဆက်စပ်မှုရှိနေလို့ဖြစ်တယ်လို့ CNN မှ သတင်းများအရ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။