New video game company aims to develop therapeutic games

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.3.2022 | Video game ကုမ္ပဏီအသစ်တစ်ခုမှ ကုထုံးတစ်ခုအနေဖြင့် အသုံးချနိုင်မည့် ဂိမ်းများကို develop ပြုလုပ်သွားရန် လုပ်ဆောင်လျှက်ရှိ 

Devolver Digital ရဲ့ တည်ထောင်သူ Mike Wilson နှင့် Medical device ကျွမ်းကျင်သူ Ryan Douglas တို့ဟာ အတူတကွပူးပေါင်း၍ ကျန်းမာရေးအခြေအနေများကို ကုစားပေးနိုင်မည့် ဂိမ်းများကို develop ပြုလုပ်သွားရန် ရည်ရွယ်ထားသည့် DeepWell Digital Therapeutics ဟု အမည်ပေးထားသော video game ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ တည်ထောင်သူများရဲ့ ပြောကြားချက်အရ ၎င်းတို့ကုမ္ပဏီဟာ အခြားသောကုမ္ပဏီများရဲ့ ကုထုံးတစ်ခုအနေဖြင့်ဆောင်ရွက်ပေးနိုင်ခြေရှိသော ဂိမ်းများကိုလည်း အတည်ပြုဖော်ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

Video game  များကိုအခြေခံသည့် tool များဟာ စိတ်ကျရောဂါနှင့် ADHD ကဲ့သို့သောရောဂါအခြေအနေများကို ကုစားပေးနိုင်ကြောင်း သုသေသနပြုလုပ်ချက်များကပြသလျှက်ရှိနေပါတယ်။ DeepWell Digital Theraputics ဟာ အဆိုပါလေ့လာတွေ့ရှိမှုများအပေါ် အခြေခံတည်ဆောက်သွားရန်အတွက် အစီအစဉ်များရေးဆွဲထားတာဖြစ်ပါတယ်။ “ဒီနေရာမှာ အံ့အားသင့်ဖွယ် များပြားသော စမ်းသပ်မှုများစွာကိုလည်း ပြုလုပ်ခဲ့ပြီးဖြစ်ကာ ကုထုံးတစ်ခုအနေဖြင့် ဆောင်ရွက်ပေးနိုင်စွမ်းရှိသော ဂိမ်းများလည်းရှိနေပြီးဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့ စတင်၍အသိအမှတ်ပြုလာရတော့မှာဖြစ်ပါတယ်” ဟု Douglas က ပြောကြားခဲ့ပါတယ်။ 

သူ့ရဲ့ ပြောကြားချက်အရ များသောအားဖြင့် therapy ကုထုံးတစ်ခုအဖြစ် အသုံးပြုမည့်ဂိမ်းများကို ကုထုံးတစ်ခုအဖြစ် စတင် ဒီဇိုင်းရေးဆွဲလေ့ရှိကြပြီး ပျော်ရွှင်ဖွယ်နှင့် စိတ်ဝင်စားဖွယ်ကောင်းသည့် gameplay လုပ်ဆောင်ချက်များဖြင့် ဖုံးအုပ်ထားတာဖြစ်ပါတယ်။ သို့သော် DeepWell ကတော့ developer များကို စိတ်ဝင်စားဖွယ်အကောင်းဆုံးသောနည်းလမ်းများဖြင့် ဂိမ်းများကို ဖန်တီးတည်ဆောက်စေပြီးမှ  ကျန်းမာရေးအခြေအနေများကို မည်သို့ကူညီကုစားပေးနိုင်မလဲဆိုတာကို အဖြေရှာဖော်ထုတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။