New Stadia Release called “Humankind” which will use touch controls will come out soon

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.8.2021 | Touch control များကို အသုံးပြုသွားမည့် “Humankind” ဟုအမည်ရသော Stadia game အသစ် မကြာမှီ ထွက်ရှိလာတော့မည်

9to5Google မှ သတင်းတစ်ပုဒ်အရ - Amplitude Studios ရဲ့ မကြာမှီထွက်ရှိလာတော့မည့် strategy game တစ်ခုဖြစ်သော Humankind ဟာ Touch control ကို ဦးစားပေး၍ ဆော့ကစားရမယ့် ပထမဆုံး Google Stadia ဂိမ်းတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ 

အဆိုပါဂိမ်းဟာ ဩဂုတ်လ ၁၇ နေ့တွင်ထွက်ရှိလာမှာဖြစ်ပြီး “Direct Touch” နည်းပညာဖြင့် ယခင် Mobile ဖုန်းများပေါ်တွင်ဆော့ကစားခဲ့ရသော Google Stadia game များကဲ့သို့ Bluetooth နှင့် ချိတ်ဆက်ထားသည့် controller များလိုအပ်တော့မှာမဟုတ်ပဲ ပုံမှန် Mobile game များ ဆော့ကစားသကဲ့သို့ Touch ပြုလုပ်၍ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ 

Touch control များဟာ Stadia ကဲ့သို့သော game streaming ဝန်ဆောင်မှုများအတွက် အခက်တွေ့လာနိုင်စေတဲ့အခက်အခဲတစ်ခုကတော့ latency (lag ဖြစ်ခြင်း) ဆိုင်ရာ ပြဿနာပဲဖြစ်ပါတယ်။ Touch control များဖြင့်ဆိုပါက Controller များနှင့် ဆော့ကစားခြင်းထက် ပိုမို၍တုန့်ပြန်မှုမြန်ဆန်လာမှာဖြစ်သော်လည်း အသုံးပြုနေတဲ့ connection များနှေးကွေးနေရင်တော့ မြန်ဆန်တဲ့တုန့်ပြန်မှုကို ရရှိနိုင်မှာမဟုတ်ပါဘူး။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။