Netflix will supposedly make iOS games available through the App Store

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.11.2021 | Netflix မှ App Store မှတဆင့် ရယူဆော့ကစားနိုင်မည့် iOS game များကို 

ယခုအခါ Netflix မှ Android ပေါ်တွင် mobile game များကို စတင်ထုတ်လွှင့်ပေးလျှက်ရှိနေပြီဖြစ်ပြီး နောက်ထပ်ကျန်ရှိနေသေးတဲ့မေးခွန်းတစ်ခုကတော့ iOS ပေါ်က ဂိမ်းကစားသူများအနေနဲ့ Apple ရဲ့ ပေါ်လစီစည်းမျဉ်းများဟာ ဒီလိုမျိုး all-in-one gaming ဝန်ဆောင်မှုများကို ဝင်ရောက်လာခွင့်မရှိစေရန် ကန့်သတ်ထားတဲ့အတွက် Netflix မှ ထုတ်လွှင့်လိုက်တဲ့ ဂိမ်းများကို ဘယ်လိုရယူဆော့ကစားနိုင်ကြမလဲ ဆိုတာပဲဖြစ်ပါတယ်။ 

Bloomberg ရဲ့ သတင်းတစ်ပုဒ်အရတော့ Netflix ဟာ ၎င်းတို့ရဲ့ဂိမ်းများကို iOS ပေါ်တွင် App Store ပေါ်မှတဆင့် တစ်ခုခြင်းစီလွှင့်တင်ပေးသွားဖို့ရှိနေကြောင်းသိရပြီး Netflix app အတွင်းမှာတော့ အဆိုပါ ဂိမ်းများကို download ရယူ၍ ဆော့ကစားနိုင်မှာမဟုတ်ဘူးလို့ သိရှိရပါတယ်။ 

Main Netflix app ဟာ ၎င်းတို့ရဲ့ app အတွင်းတွင် game catalog ကို ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ကိုတော့ ပေးထားမှာဖြစ်သော်လည်း သင်ထည့်သွင်းထားတဲ့ ဂိမ်းတစ်ခုခုကို tap လုပ်လိုက်တာနဲ့ သီးသန့် app တစ်ခုကို launch ပြုလုပ်သကဲ့သို့ အလုပ်လုပ်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။