Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Express.co.uk မှ သတင်းများအရ Netflix ကိုအသုံးပြုနေသူများအနေနဲ့ သူတို့ရဲ့လစဉ်ကြေးပေးဆောင်ရမှုပမာဏဟာ ပိုမို၍များပြားလာတော့မှာဖြစ်ကြောင်း ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။ အဆိုပါ video streaming ကုမ္ပဏီဟာ Customer အသစ်များအတွက် သူတို့ရဲ့ ပုံမှန်နဲ့ ပရီမီယံအစီအစဉ်များကို ယူရိုငွေ ၁ ကျပ်စီတိုးမြှင့်မှုပြုလုပ်လိုက်ပြီပဲဖြစ်ပါတယ်.
ယခုအခါတွင် Sign up ပြုလုပ်ပါက device တစ်ခုထက်ပိုပြီး streaming ပြုလုပ်နိုင်မည့် plan အတွက် ယူရိုငွေ ၉.၉၉ ကျပ်ကိုပေးသွင်းရတော့မှာဖြစ်ပြီး အလုံးစုံပါဝင်သည့် option တစ်ခုဖြစ်ပြီး သင့်ရဲ့ TV သို့ 4K ရုပ်ထွက်အရည်အသွေးအပြည့်ဖြင့် content များကို ပေးပို့နိုင်မည့် plan အတွက်ဟာတော့ ယူရိုငွေ 13.99 ကျပ်ကို ပေးသွင်းရတော့မှာပဲဖြစ်ပါတယ်။ Netflix အသုံးပြုသူအဟောင်းများအနေနဲ့လည်း မကြာမှီတွင်သူတို့ရဲ့ လစဉ်ကြေးများမြင့်တက်လာတာကို တွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်။
သူတို့ရဲ့ Website ပေါ်မှ post တစ်ခုတွင် Netflix မှ “ဒီဈေးနှုန်းများဟာ ယခုအခါတွင် အသုံးပြုသူအသစ်များအတွက် စတင်၍သက်ရောက်မှုရှိစေမှာဖြစ်ပြီး လက်ရှိအသုံးပြုနေတဲ့ member များအနေနဲ့လည်း အဆိုပါဈေးနှုန်းသို့ တဖြည်းဖြည်းပြောင်းလဲသွားတော့မှာဖြစ်ပါတယ်။ လက်ရှိ member များအနေနဲ့ ဈေးနှုန်းပြောင်းလဲမှု စတင်သက်ရောက်စေခြင်းမရှိမှီ ရက် ၃၀ ကြိုတင်၍ e-mail မှ အကြောင်းကြားစာကို ပေးပို့အသိပေးသွားမှာဖြစ်ပါတယ်။” ဟူ၍ ပြောကြားထားခဲ့ပါတယ်။ Netflix မှ အဆိုပါ ဈေးနှုန်းပြောင်းလဲမှုဟာ မည်သည့်အခါတွင်စတင်မလဲဆိုတာကိုတော့ အတည်ပြုပြောကြားခဲ့ခြင်းမရှိသေးသော်လည်း အစောဆုံး ယခုအပတ်မှစတင်၍ ထိုသို့ဈေးနှုန်းပြောင်းလဲမှုများကိုတွေ့ရှိနိုင်မှာဖြစ်ပြီး အဆိုပါ post မှ ဖော်ပြထားသည့်အတိုင်းဆိုပါက လစဉ်ကြေးများပိုမိုပေးဆောင်ရခြင်းမရှိသေးမှီတွင် ရက် ၃၀ ကြိုတင်အကြောင်းကြားမှုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။