Netflix’s Luther movie starts streaming in March

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.1.2023 | Netflix မှ Luther ရုပ်ရှင်ဇာတ်လမ်းတွဲကို March လမှစတင်၍ streaming ပြုလုပ်သွားမည်ဟု ကြေငြာ

Idris Elba က အဓိကသရုပ်ဆောင်နေရာတွင် ပြန်လည်သရုပ်ဆောင်ထားသည့် Netflix ရုပ်ရှင် Luther: The Fallen Sun ကို မကြာမှီ ပြသသွားတော့မှာဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ကို မတ်လ ၁၀ ရက်နေ့တွင် စတင်၍ streaming ပြုလုပ်၍ပြသပေးသွားမှာဖြစ်ကြောင်း Netflix မှ ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။ သို့ပေမယ့် ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှာတော့ ရုပ်ရှင်ရုံအချို့တွင်လဲ ပြသသွားဦးမှာဖြစ်ကြောင်း သတင်းရရှိထားပါတယ်။ 

Luther သည် စိတ်ရောဂါမှုခင်း Thriller အမျိုးအစားဖြစ်ပြီး ၂၀၁၀ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အကြားတွင် Season (၅) ခုထွက်ရှိပြီးဖြစ်ကာ Elba ကို Luther ဆိုတဲ့ မှုခင်းစုံထောက်တစ်ယောက်နေရာမှ အသားပေးရိုက်ကူးထားတာဖြစ်ပါတယ်။ အခုထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်လမ်းအသစ်မှာတော့ ယခင် Season ပြီးဆုံးသွားခဲ့သည့်နေရာမှပြန်လည်စတင်ထားသည့်အတွက် Luther ဇာတ်ကောင်ကို ပြန်လည်တွေ့ရှိရတော့မှာဖြစ်ပါတယ်။ 

ဒီရုပ်ရှင်ဇာတ်လမ်းတွင် Cynthia Erivo, Andy Serkis နှင့် Dermot Crowley တို့ကိုလည်း ထည့်သွင်းရိုက်ကူးထားသော်လည်း ဒီရုပ်ရှင်ဇာတ်လမ်းတွဲတွင် Elba နှင့်အတူ ရိုက်ကူးခဲ့သော ထိတ်လန့်ဖွယ်ကောင်းသည့် Alice Morgan နေရာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် Ruth Wilson ကတော့ ပြန်လည်ပါဝင်လာတော့မှာမဟုတ်တော့ပါဘူး။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။