Netflix’s Love, Death, and Robots season 3 is coming May 20th

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.4.2022 | Netflix ရဲ့ Love, Death, and Robots season 3 ကို မေလ ၂၀ ရက်နေ့တွင် ထုတ်လွှင့်သွားမှာဖြစ်ကြောင်း ကြေငြာ

Netflix ရဲ့ science fiction ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Love, Death, and Robots ကို မေလ ၂၀ ရက်နေ့တွင် ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ကြောင်း အဆိုပါဇာတ်လမ်းထဲက ဇာတ်ဝင်ခန်းများပါဝင်တဲ့ short video တစ်ခုနှင့်အတူ ဧပြီလ၊ ၁၈ ရက်နေ့က ကြေငြာသွားခဲ့ပါတယ်။ 

အဆိုပါ video အတွင်းတွင် Netflix မှာ season အသစ်တွင် အခန်းဆက်ဇာတ်လမ်းမည်မျှပါဝင်လာမည်ဟုတ်ထုတ်ပြောပြောကြားခြင်းမရှိသေးသော်လည်း Volume 1 တွင် ဇာတ်လမ်းအပိုင်း ၁၈ ပိုင်းပါဝင်ခဲ့သော်လည်း Volume 2 တွင်တော့ ဇာတ်လမ်းအပိုင်း ၈ ပိုင်းသာပါဝင်ခဲ့ပြီး IGN မှ ပြီးခဲ့တဲ့နှစ်အတွင်းက ရေးသားခဲ့တဲ့သတင်းတစ်ပုဒ်အရ - Volume 3 တွင်လည်း ဇာတ်လမ်းအပိုင်း ၈ ပိုင်းသာ ပါဝင်လာနိုင်ချေရှိပါတယ်။ 

အဆိုပါဇာတ်လမ်းတွဲဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ ခေတ်လွန်သိပ္ပံဇာတ်ကားတစ်ကားဖြစ်ပြီး၊ Sci-fi, လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့အတွက် ကြည့်ရှုဖို့သင့်လျှော်တဲ့ Animation ဇာတ်လမ်းတွဲတစ်ခုအဖြစ် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။