Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
အားလုံးသိကြတဲ့ လူရွှင်တော် ဟာသမင်းသားကြီး Mr.Bean (Rowan Sebastian Atkinson) နှင့် William Davies တို့မှ ဇာတ်ညွှန်းရေးသားပြီး Director – David Karr မှ ရိုက်ကူးထားတဲ့ Man Vs Bee ဆိုတဲ့ အခန်းဆက်ဟာသဇာတ်လမ်းတိုများကို ဇွန်လ ၂၄ ရက်နေ့က Netflix ပေါ်တွင် စတင်ထုတ်လွှင့်ပေးခဲ့ပါတယ်။
အဆိုပါဇာတ်လမ်းဟာဆိုရင် Rowan တစ်ယောက် တန်ဖိုးကြီးလှတဲ့စံအိမ်ကြီးတစ်ခုမှာ ယာယီအိမ်စောင့်ပေးရတဲ့အလုပ်ကို လုပ်ကိုင်ရင်း ပျားတစ်ကောင်ရဲ့ အနှောက်အယှက်ပေးမှုတွေကြောင့် ဘယ်လို အလွဲတွေနဲ့ တွေ့ကြုံရသလဲဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
Rowan Atkinson ဟာ ဟာသသရုပ်ဆောင်လောကတွင် Mr. Bean ရုပ်ရှင်အပြင် အခြားဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ စကားပြောပုံနဲ့ အမူအယာများကြောင့် လူကြိုက်များတဲ့ ဟာသသရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့သလို ရုပ်ရှင်နဲ့ ပတ်သက်တဲ့ဆုများစွာကိုလည်း ဆွတ်ခူးရရှိထားသူတစ်ဦးဖြစ်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။