Netflix reduces video quality per month and reduces data consumption by 25%

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.3.2020 | Netflix ဟာ လစဉ် Video အရည်အသွေးကိုလျှော့ချခြင်းနှင့် ဒေတာသုံးစွဲမှုနှုန်းကို ၂၅% လျှော့ချသွား မှာဖြစ်ပါတယ်။ 

Sanvine ရဲ့ လေ့လာချက်များအရ 12.6% သော download ပြုလုပ်ခြင်းများအားလုံးဟာ Netflix ကြောင့်ဖြစ်ကာ အဆိုပါကိန်းဂဏ္ဏန်းများဟာ quarantine ပြုလုပ်စဉ်ကာလအတွင်း ပိုမိုများပြားလာခဲ့ ပါတယ်။ ဒါကြောင့် Netflix ဟာ video အရည်အသွေးများကိုယာယီလျှော့ချပြီး အင်တာနက်ကွန် ယက်များအပေါ်တွင် အခက်အခဲများ၊ ပြဿနာများဖြစ်ပေါ်ခြင်းမရှိအောင်ကာကွယ်ရန်အတွက် ပြုလုပ်နေပါတယ်။ 

အတွင်းပိုင်းဈေးကွက်၊ ကုန်ထုတ်လုပ်မှုနယ်ပယ်နှင့် လုပ်ငန်းတို့ ရဲ့ ဥရောပဆိုင်ရာကိုယ်စားလှယ်တစ်ဦး ဖြစ်သူ Thierry Breton မှ Netflix ရဲ့ CEO ဖြစ်သူ Reed Hastings ကို HD video များအား ယာယီ ရပ်ဆိုင်းထားရန်အတွက်တိုက်တွန်းခဲ့ပါတယ်။ 

၎င်းရဲ့အဆိုအရ အကယ်၍သာ ဒီ platform ပေါ်ရှိ video အရည်အသွေးများသာ ကျဆင်းသွားခဲ့ပါက အင်တာနက်လိုင်းကြပ်တည်းမှုကို သိသိသာသာလျော့ကျသွားစေမှာဖြစ်ပါတယ်။ ဥရောပနိုင်ငံသား အချို့ quarantine အတွင်းရှိနေစဉ်တွင် ၎င်းတို့ဟာ အပြင်မထွက်ရတဲ့အတွက် စိတ်အပန်းဖြေစရာများ ကို video streaming ပြုလုပ်သည့် platform ပေါ်တွင်ရှာဖွေနေသည့်အတွက်ကြောင့် Netflix ရဲ့ ရှယ်ယာများဟာ တိုးတက်လာခဲ့ပါတယ်။ 

Hastings ဟာ Brenton ရဲ့ အကြံပြုချက်ကိုလက်ခံခဲ့ပြီး သူဟာ ဒေတာသုံးစွဲမှုနှုန်းကို လာမည့်ရက် ၃၀ အတွင်း ၂၅% ခန့်လျှော့ချသွားမယ်လို့ပြောကြားခဲ့ပါတယ်။ သို့သော်လည်း ၎င်းတို့ဟာ ဥရောပနိုင်ငံများ အတွင်းတွင်သာ ထိုသို့လုပ်ဆောင်မည်လား၊ ကမ္ဘာတစ်ဝှမ်းလုံးတွင်ပါထိုသို့လုပ်ဆောင်သွားမည်လား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရှိရသေးပါဘူး။ 
လက်ရှိအချိန်အထိတော့ကျွန်ုပ်တို့ဟာ HD နှင့် UHD အရည်အသွေးရှိ video များကို ယာယီပိတ်ချသွား မည်ကို ၎င်းတို့ကလက်ခံသွားမှာလား ဒါမှမဟုတ် video ရဲ့ bitrate ကိုသာလျှော့ချသွားမှာလားဆိုတာ နဲ့ ဒီအရာဟာ တစ်လလုံး (သို့) အင်တာနက်အသုံးပြုမှုများသောအချိန်များတွင်သာလုပ်ဆောင်သွားမှာ လားဆိုတာကိုလဲ ကွဲကွဲပြားပြားမသိရှိရသေးပါဘူး။ 
 

(Unicode)





 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။