Netflix Plans to Expand into Video Game Streaming Industry

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.7.2021 | Netflix မှ Video Game Streaming လုပ်ငန်းလောကအတွင်းဝင်ရောက်နိုင်ရန် စီစဉ်လျှက်ရှိနေ 

Bloomberg မှ သတင်းများအရ လူသိများတဲ့ ရုပ်ရှင်နှင့် ဗီဒီယိုများကို streaming ပြုလုပ်၍ ကြည့်ရှုနိုင်စေရန် ဝန်ဆောင်မှုပေးထားတဲ့ Netflix ဟာ မကြာမှီတွင် Game Streaming Platform တစ်ခုအဖြစ်လည်း ဝန်ဆောင်မှုပေးနိုင်ရန် အစီအစဉ်များကို ပြုလုပ်လျှက်ရှိနေကြောင်း သိရှိရပါတယ်။ 

မကြာသေးမှီကပဲ Netflix ဟာ Mike Verdu ဟု အမည်ရတဲ့ ယခင် Oculus နဲ့ EA တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Executive တစ်ဦးကို Game Development အတွက် Vice President ရာထူးနဲ့ ခေါ်ယူဌားရမ်းမှုပြုလိုက်ပြီပဲဖြစ်ပါတယ်။ Verdu ဟာ Facebook တွင် augmented နှင့် virtual reality game များအတွက် Vice President တစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်ဖူးခဲ့သူဖြစ်ပြီး Oculus Rift, Quest နှင့် Go တို့အတွက် developer များစွာနဲ့ အတူတကွအလုပ်လုပ်ခဲ့ဖူးသူတစ်ဦးဖြစ်သလို EA Mobile တွင်လည်း အကြီးအကဲတစ်ဦးအနေနဲ့ Star Wars: Galaxy of Heroes, SimCity BuildIt, Plants vs. Zombies နဲ့ Sims Free Play game များကို ထုတ်လုပ်ခဲ့တဲ့ studio များကို ကြီးကြပ်ခဲ့တဲ့ အတွေ့အကြုံများရှိသူ တစ်ဦးဖြစ်ပါတယ်။ 

လက်ရှိရရှိထားတဲ့ သတင်းများအရ Netflix ဟာ သူတို့ရဲ့ gaming team ကို မကြာမှီလများအတွင်း တဆင့်ပြီးတဆင့် တည်ဆောက်သွားဖို့ရှိနေပြီး လာမည့်နှစ်တွင် စတင်၍ streaming ပြုလုပ်ပြီး ထုတ်လွှင့်နိုင်ဖို့အတွက် ရည်ရွယ်ထားလျှက်ရှိနေပါတယ်။ ဒီ Streaming ကုမ္ပဏီကြီးအနေနဲ့ game access အတွက် လက်ရှိတွင် ဝန်ဆောင်မှုကြေးပိုယူဖို့အတွက် အစီအစဉ်မရှိသေးသော်လည်း အနာဂါတ်တွင် ပိုမိုများပြားတဲ့ content များရှိလာတဲ့အခါမှာတော့ Netflix ဟာ ဈေးတက်လာမလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သိရှိရခြင်းမရှိသေးကြောင်း ဆိုထားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။