Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Netflix မှ နောက်ထပ်ထွက်ရှိဖို့ စီစဉ်လျှက်ရှိတဲ့ reality စီးရီးတစ်ခုအတွက် ယခုအခါ Social Media Influencer များအား ချဉ်းကပ်လျှက်ရှိကြောင်း သိရှိရပါတယ်။ သတင်းများအရ အဆိုပါ အမည်မတပ်ရသေးသော TV show တွင် အဓိက TikTok ကြယ်ပွင့်များ စုဝေးဖွဲ့စည်းထားသော Hype House ရဲ့ အဖွဲ့ဝင်များရဲ့ အကြောင်းကို ရိုက်ကူးတင်ဆက်သွားမှာဖြစ်ပါတယ်။ Variety မှ သတင်းတစ်ပုဒ်အရ “ အဆိုပါ စီးရီးဟာ ကမ္ဘာ့အကျော်ကြားဆုံး Social Media ကြယ်ပွင့်များကို ဗဟိုပြု၍ ရိုက်ကူးသွားမှာဖြစ်ကြောင်း” သိရှိခဲ့ရပါတယ်။
လက်ရှိအနေနဲ့တော့ - Kouvr Annon, Nikita Dragun, Sienna Mae Gomez, Chase Hudson, Larri Merritt, Thomas Petrou, Alex Warren နဲ့ Jack Wright တို့ ပါဝင်လာမှာဖြစ်ပြီး အဆိုပါ show အား ဆက်လက်ရိုက်ကူးဖို့ရှိလာသည်နဲ့အမျှ အခြားသောသူများအနေနဲ့လည်း ပါဝင်လာနိုင်ဖို့ မျှော်လင့်နိုင်ပါတယ်။
Hype House ကို မသိသေးသူများအဖို့ Hype House ရဲ့ အကြောင်း အနည်းငယ်ရှင်းပြရမည်ဆိုပါလျှင် - သူတို့ရဲ့ TikTok အကောင့်ဟာ follower ပေါင်း သန်း ၂၀ ကျော်ရှိပြီး Instagram အကောင့်တွင်တော့ follower ပေါင်း သန်း ၆ သန်းခန့်ရှိနေပါတယ်။ ဒါဟာ Hype House အဖွဲ့ဝင်များနဲ့ သူတို့ရဲ့ကိုယ်ပိုင် ပရိသတ်များကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသေးပါဘူး။ Hype House ရဲ့ အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းတွင်လည်း follower ပေါင်း ၈ သန်းခန့် ရှိနေပါသေးတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။