Netflix is planning to acquire Roald Dahl’s stories alongside the rights

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.10.2021 | Netflix မှ နာမည်ကျော်စာရေးဆရာ Roald Dahl ရဲ့ ဇာတ်လမ်းများကို မူပိုင်ခွင့်နှင့်တကွဝယ်ယူရန်စီစဉ်လျှက်ရှိ

Netflix မှ နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်သူ Roald Dahl ရဲ့ Roald Dahl Story Company (RDSC) နှင့် အဆိုပါစာရေးဆရာရဲ့ ထွက်ရှိခဲ့ပြီးစာအုပ်များဖြစ်တဲ့ Charlie and The Chocolate Factory, Maltilda နှင့် James and the Giant Peach အပါအဝင် ဂန္တဝင်စာအုပ်များကို ရုပ်ရှင်ရိုက်ရန်အသုံးပြုပိုင်ခွင့်(မူပိုင်ခွင့်) ကို ဝယ်ယူရန်စီစဉ်လျှက်ရှိနေပါတယ်။ 

လက်ရှိအချိန်မှာတော့ အဆိုပါသဘောတူညီချက်ရဲ့ အသေးစိတ်အချက်အလက်များကို သိရှိရခြင်းမရှိသေးပဲ (ဥပဒေကြောင်းအရ ခွင့်ပြုချက်မရသေးသော်လည်း) လွန်ခဲ့သော ၃ နှစ်ခန့်က Netflix မှ Dahl ရဲ့ ဇာတ်လမ်း ၁၆ ခုအတွက် မူပိုင်ခွင့်ကို ရယူနိုင်ဖို့ ကန်ဒေါ်လာ ဘီလျံနှင့်ချီ၍အသုံးပြုခဲ့ရကြောင်း Hollywood Reporter မှ သတင်းတစ်ပုဒ်အရ သိရှိခဲ့ရတဲ့အတွက် မည်သို့ပင်ဆိုစေကာမူ ယခုဝယ်ယူမှုဟာ Netflix ရဲ့ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးဝယ်ယူမှုတစ်ခုဖြစ်လာနိုင်ချေရှိနေပါတယ်။ 

Netflix ရဲ့ ပူးတွဲ CEO Ted Sarandos နှင့် RDSC ရဲ့ Managing Director နှင့် Dahl ရဲ့ မြေးဖြစ်သူ Luke Kelly တို့ရဲ့ ပြောကြားချက်အရ Netflix ထံတွင် Dahl ရဲ့ဇာတ်လမ်းများအတွက် ကြီးမားတဲ့အစီအစဉ်များရှိနေပြီး animated နှင့် live action ရုပ်ရှင်များ၊ TV ဇာတ်လမ်းတွဲများ၊ စာအုပ်များ၊ ဂိမ်းများ၊ immersive experience များ၊ live theater များ၊ အခြားသော consumer product များနှင့် အခြားသောအရာများ” ကိုလည်းထုတ်လုပ်သွားဖို့အစီအစဉ်ရှိနေကြောင်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။