Netflix is partnering with Microsoft for its new ad-supported tier

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.7.2022 | Netflix မှ ၎င်းတို့ရဲ့ ad-supported tier အသစ်အတွက် Microsoft နှင့် အကျိုးတူပူးပေါင်းခဲ့ 

Netflix ဟာ ၎င်းတို့ရဲ့ မကြာမှီထွက်ရှိလာမည့် ad-supported streaming tier အသစ်အတွက် Microsoft နဲ့ အကျိူးတူပူးပေါင်းသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ဇူလိုင်လ ၁၄ ရက်နေ့က ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

အဆိုပါကြေငြာချက်အရ ဒီ ပိုမိုဈေးသက်သာတဲ့ ရွေးချယ်စရာ option တစ်ခုကို ထုတ်လွှင့်ပေးရာတွင် Micrsoft ဟာ ၎င်းတို့ရဲ့ streaming ဝန်ဆောင်မှုအတွက် "ကမ္ဘာလုံးဆိုင်ရာ ကြော်ငြာနည်းပညာနှင့် ရောင်းချရေးလက်တွဲဖော်" ဖြစ်လာမှာဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။ 

"ဒါဟာအစောပိုင်းကာလများဖြစ်ပြီး ကျွန်ုပ်တို့အနေနဲ့ လုပ်ဆောင်စရာကိစ္စရပ်တွေများစွာရှိနေပါသေးတယ်" ဟူ၍ Netflix ရဲ့ CEO ဖြစ်သူ Greg Peters ကတော့ အဆိုပါကြေငြာစာတွင် ထည့်သွင်းရေးသားခဲ့ပါတယ်။ "ကျွန်တော်တို့ရဲ့ ရေရှည်ရည်မှန်းချက်ကတော့ ရိုးရှင်းပါတယ်၊ အသုံးပြုသူများအနေနဲ့ ရွေးချယ်စရာပိုမိုရှိလာစေပြီး ကြော်ငြာမှုပြုလုပ်လိုသူများအတွက်လည်း သမားရိုးကျ TV brand များထက် ပိုမိုကောင်းမွန်ပြီး premium ဆန်တဲ့အတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုများကို Microsoft နဲ့အတူလက်တွဲလုပ်ကိုင်ဖို့ ကျွန်ုပ်တို့ဟာအလွန်ပဲစိတ်ဝင်စားလျှက်ရှိပါတယ်" ဟူ၍ ရေးသားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။