Netflix is laying off staff from the fansite it just launched

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.5.2022 | Netflix မှ မကြာသေးမှီက launch ပြုလုပ်ခဲ့သည့် fansite တစ်ခုပေါ်ရှိ ဝန်ထမ်းအချို့ကို လျှော့ချမှုပြုလုပ်ခဲ့

Netflix ဟာ Tudum လို့အမည်ပေးထားတဲ့ သတင်းများ၊ အင်တာဗျူးများနှင့် အခြားသော Fan content များကို တင်ပေးတဲ့ website တစ်ခုကို စတင် launch ပြုလုပ်ခဲ့ပြီး လအနည်းငယ်အကြာတွင် အချို့သော Tudum ရဲ့ editorial ဝန်ထမ်းများကို လျှော့ချမှုများပြုလုပ်နေကြောင်း သိရှိရပါတယ်။ 

Tudum ဟာ Netflix ရဲ့ marketing ဌာနအောက်တွင် တည်ရှိနေတာဖြစ်ပြီး ဖျော်ဖြေရေး၊ သတင်း၊ liftstyle နှင့် culture content များကို တင်ဆက်ပေးနေသောသူများနှင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဆိုပါအခြေအနေနဲ့ နီးစပ်မှုရှိသူတစ်ဦးရဲ့ အဆိုအရ Tudum ရဲ့ culture and trends အဖွဲ့က လူ ၁၀ ဦးအနက် အများစုကို လျှော့ချမှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ 

The Verge သတင်းဝက်ဘ်ဆိုက်မှ Netflix ထံသို့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ တစ်စုံတစ်ရာ တုန့်ပြန်မှုကိုမရရှိသေးဘူးလို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။