Netflix is considering to release an ad-support tier

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.5.2022 | ကြော်ငြာများပါဝင်လာမည့် tier တစ်ခုကို ထုတ်လွှင့်ရန် Netflix မှ စဉ်းစားလျှက်ရှိနေ 

ကြော်ငြာများထည့်သွင်းပြသနိုင်မည့် streaming tier တစ်ခုကို ပြုလုပ်ပေးရန်တောင်းဆိုမှုများကို နှစ်ပေါင်းများစွာ ငြင်းဆိုခဲ့ပြီးနောက်မှာတော့ Netflix ရဲ့ co-founder နဲ့ co-CEO ဖြစ်သူ Reed Hastings က ကုမ္ပဏီဟာ “သုံးစွဲသူများရဲ့ရွေးချယ်ခွင့်တစ်ခုအနေနဲ့ ကြော်ငြာများပါဝင်သည့် ပိုမိုဈေးသက်သာမည့်နှုန်းထားတစ်ခုကို ပြုလုပ်ပေးနိုင်ကြောင်း” ပြောကြားလာခဲ့ပါတယ်။ 

သိသာထင်ရှားတာကတော့ Netflix ဟာ ယခုအခါတွင် အဆိုပါကိစ္စကို စိတ်ဝင်စားလာလျှက်ရှိနေပြီဖြစ်ပြီး “အဆိုပါ option ကို နောက်ထပ် ၁ နှစ်၊ ၂နှစ် ခန့်အတွင်း အကောင်အထည်ဖော်သွားရန် ဆောင်ရွက်သွားလျှက်ရှိနေပါတယ်”။ 

သို့ပေမယ့် ဒီကဲ့သို့ ကြော်ငြာများပါဝင်တဲ့ tier တစ်ခုကို ထုတ်လွှင့်ပေးခြင်းဟာ ကုမ္ပဏီအတွက် ကြီးမားတဲ့ အပြောင်းအလဲများကိုဖြစ်ပေါ်လာစေနိုင်ပြီး Hastings ဟာလည်း “ယခင်ကတည်းက ကြော်ငြာများထည့်သွင်းဖော်ပြရခြင်းရဲ့ ရှုပ်ထွေးမှုကိုနှစ်သက်မှုမရှိခဲ့ပဲ subscription များရဲ့ ရိုးရှင်းလွယ်ကူမှုကို ပိုမိုနှစ်သက်မှုရှိခဲ့ဖူးတာမို့” အဆိုပါကိစ္စကို စဉ်းစားမှုပြုလုပ်နေဆဲပဲရှိပါသေးတယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။