Netflix increased its prices for users in the US and Canada

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.1.2022 | အမေရိကနှင့် ကနေဒါနိုင်ငံများရှိအသုံးပြုသူများကို Netflix မှ လစဉ်ကြေးများတိုးမြှင့်ကောက်ခံခဲ့ 

Video streaming ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Netflix ဟာ ၎င်းတို့ရဲ့ streaming plan (၃) ခုရဲ့ ဈေးနှုန်းများကို ၁ ဒေါ်လာ၊ ၁.၅၀ ဒေါ်လာနှင့် ၂ ဒေါ်လာစီ အသီးသီးတိုးမြှင့်ကောက်ခံသွားတော့မှာဖြစ်တယ်လို့ သတင်းများအရ သိရှိရပါတယ်။ 

ယခုအခါတွင် Basic plan ကို ကန်ဒေါ်လာ ၉.၉၉, Standard plan ကို ကန်ဒေါ်လာ ၁၅.၄၉ နှင့် 4K resolution ဖြင့်ကြည့်ရှုနိုင်မည့် Premium plan ကိုတော့ ကန်ဒေါ်လာ ၁၉.၉၉ အဖြစ် အသီးသီးတိုးမြှင့်ကောက်ခံသွားတော့မှာဖြစ်ပါတယ်။ Plan များအားလုံးတွင်တော့ TV show များနှင့် ရုပ်ရှင်များကို အကန့်အသတ်မရှိ အရင်လိုကြည့်ရှုနိုင်ဦးမှာဖြစ်သလို mobile game များကိုလည်း ဆက်လက်၍ ဆော့ကစားနိုင်ဦးမှာဖြစ်ပါတယ်။ 

ယနေ့ခေတ်မှာ ဖျော်ဖြေရေးအတွက် ပိုမို၍ရွေးချယ်မှုတွေများလာပြီဖြစ်တာကို သဘောပေါက်နားလည်တဲ့အတွက် ကျွန်ုပ်တို့ဟာလည်း ကျွန်ုပ်တို့ရဲ့ အသုံးပြုသူ member ဝင်များအတွက် ဒီထက်ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများကို ပေးစွမ်းလိုတဲ့ ဆန္ဒရှိပါတယ်” ဟူ၍ Netflix ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက Reuters သို့ ပြောကြားခဲ့ပါတယ်။ “ယခုကဲ့သို့ ကျွန်ုပ်တို့ရဲ့ ဈေးနှုန်းများကို ပြန်လည်ပြင်ဆင်လိုက်ခြင်းဟာ ကျွန်ုပ်တို့အနေနဲ့ များစွာသော အရည်အသွေးမြင့်မားသည့် entertainment option များကို အမြဲတမ်းဆက်လက်၍ ပေးစွမ်းသွားနိုင်ဖို့ဖြစ်ပါတယ်။ ယခင်ကအတိုင်း plan အမျိုးမျိုးကိုလည်း ဆက်လက်ထားရှိပေးသွားဦးမှာဖြစ်တဲ့အတွက် အသုံးပြုသူ member ဝင်များအနေနဲ့ မိမိတို့သုံးစွဲလိုတဲ့ ပမာဏနဲ့ ကိုက်ညီမှုရှိတဲ့ ဈေးနှုန်း plan ကို ရွေးချယ်၍အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။” ဟူ၍ ထိုသူက ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။