Netflix gives a peek at its upcoming Resident Evil series

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.3.2022 | Netflix မှ မကြာမှီ Resident Evil ရုပ်ရှင်စီးရီးအသစ်ထွက်ရှိလာတော့မည်ဖြစ်ကြောင်း ကြေငြာမှုပြုလုပ်ခဲ့ 

Netflix မှ Capcom ရဲ့ လူသိများသော Resident Evil video game များကို အခြေခံထားသော ၎င်းတို့ရဲ့ မကြာမှီထွက်ရှိလာတော့မည့် Resident Evil live-action television series အတွက် teaser art အနုပညာလက်ရာတစ်ခုကို ထုတ်လွှင့်ပေးခဲ့ပါတယ်။ 

အဆိုပါ show ဟာ “Resident Evil ရဲ့ DNA များတွင် အကောင်းတကာ့အကောင်းဆုံးကို ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။ ၎င်းတွင် ကြမ်းပေ့ဆိုတဲ့ အမျိုးသမီးဇာတ်ကောင်များ၊ survival ဖြစ်ရန် တိုက်ခိုက်ရမယ့်တိုက်ပွဲများနဲ့ နဂိုတွေ့မြင်ကြပြီးသားသတ္တဝါများ၊ သတ္တဝါအသစ်များအပြင် လျှို့ဝှက်ဆန်းကြယ်သော ဖြစ်ရပ်များလည်း ပါဝင်လာမှာဖြစ်ပါတယ်” ဟူ၍ Netflix ကတော့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားသွားခဲ့ပါတယ်။ 

Netflix မှ အဆိုပါရုပ်ရှင်စီးရီးကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် စတင်ကြေငြာမှုပြုလုပ်ခဲ့တာဖြစ်ပြီး timeline နှစ်ခုဖြင့် ဖော်ညွှန်းရိုက်ကူးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ပထမ timeline တွင်တော့ New Raccoon city သို့ ဆယ်ကျော်သက်များအဖြစ်နှင့် ပြောင်းရွှေ့လာကြသော Jade နဲ့ Billie Wesker ညီအမနှစ်ယောက်ဖြင့် စတင်ထားပြီး အခြား timeline တွင်တော့ အနာဂါတ်တွင် Jade နှင့် အခြားသောဇာတ်ဆောင်များက Zombie များနှင့်ပြည့်နှက်နေသောကမ္ဘာပေါ်တွင် အသက်ရှင်သန်နိုင်ရန် ကြိုးစားရုန်းကန်ကြရပုံကို ဖော်ညွှန်းရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။