Netflix gained a record number of new users with the coronavirus pandemic

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.4.2020 | Netflix ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အသုံးပြုသူအသစ်များ စံချိန်တင်ရရှိ

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်းတွင် Netflix ဟာ ပိုမိုကြီးပွားတိုးတက်လာခဲ့ပါတယ်။ ယခုနှစ်အစောပိုင်း ၄လတာကာလအတွင်းတွင် Netflix ဟာ သူတို့‌မျှော်လင့်ထားသည့် အသုံးပြုရန်စာရင်းပေးသွင်းသူ (Subscriber) အရေအတွက်ထက် ၂ဆခန့် ပိုမိုရရှိခဲ့ပါသည်။

၂၀၂၀ ခုနှစ်၏ အစောပိုင်း ၄လတာကာလအတွင်း အဆိုပါ လူကြိုက်များရေပန်းစားနေသော Streaming ဝန်ဆောင်မှုမှ အမေရိကန်ဒေါ်လာ ၅.၈ ဘီလျံရရှိခဲ့ပြီး အသားတင်အမြတ်ငွေမှာ ဒေါ်လာ ၇၀၉ မီလီယံဖြစ်ပါတယ်။ ဒါဟာ Netflix ရဲ့ သမိုင်းကြောင်းတစ်လျှောက် အမြင့်မားဆုံးသော အမြတ်ငွေ ပမာဏဖြစ်ပါတယ်။ ဒါ့ကြောင့် လွန်ခဲ့သောနှစ်များနှင့် နှိုင်းစာလျှင် ရောင်းအား ၂၈% ပိုမိုတိုးတက်ခဲ့ပြီး အမြတ်ငွေ နှစ်ဆခန့် ရရှိခဲ့တာဖြစ်ပါတယ်။ မကြာသေးမှီက လများအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းသာ အတက်အကျမကြမ်းခဲ့ဘူးဆိုလျှင် အဆိုပါအမြတ်ငွေများဟာ ဒီ့ထက်ပိုမိုများပွားဖွယ်ရာရှိပါသည်။

အဆိုပါကုမ္ပဏီသည် အခကြေးငွေပေးပြီးကြည့်ရှုသူအရေအတွက်များတွင်လည်း အောင်မြင်မှုများရရှိခဲ့ပါသည်။ ဇန်နဝါရီမှ မတ်လအတွင်း စာရင်းပေးသွင်းအသူံးပြုသူဦးရေ ၇ သန်းခန့်ရှိလိမ့်မည်ဟု Netflix မှ ခန့်မှန်းခဲ့သော်လည်း လက်တွေ့တွင် စာရင်းပေးသွင်းအသုံးပြုသူဦးရေ ၁၅.၈သန်းရရှိခဲ့ပါတယ်။ Netflix ဟာ နောင်လာမည့် ၄လတာအတွင်းတွင် စာရင်းပေးသွင်းအသုံးပြုသူအရေအတွက် ၇.၅သန်း ရရှိလိမ့်မည်ဟုလည်း ခန့်မှန်းထားပါ‌သေးသည်။ သို့ရာတွင် လုံခြုံရေးအစီအမံများအပြီးတွင် ရုပ်ရှင်နှင့်ဇာတ်လမ်းတွဲများအတွက် အခကြေးငွေပေးလိုကြတော့မည်မဟုတ်ပဲ အဆိုပါခန့်မှန်းချက်များထက် စာရင်းပေးသွင်းအသုံးပြုသူအရေအတွက် နည်းပါးသွားဖို့မှာလည်း ဖြစ်နိုင်ဖွယ်ရာရှိပါသည်။

 

Unicode




 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။