Netflix confirms the new ad-supported tier

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.6.2022 | Netflix မှ ကြော်ငြာများပါဝင်လာမည့် subscription tier အသစ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ 

Netflix ရဲ့ ပူးတွဲ CEO Ted Sarandos က ကုမ္ပဏီဟာ ကြော်ငြာများထည့်သွင်းထားတဲ့ subscription tier အသစ်ကို ၎င်းတို့ရဲ့ streaming ဝန်ဆောင်မှုတွင် ထည့်သွင်းပေးဖို့ စီစဉ်လျှက်ရှိကြောင်း Cannes Lions advertising festival ပွဲတွင် ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုအတွက် ပြောကြားသွားခဲ့ကြောင်း The Hollywood Reporter မှ သတင်းများအရ သိရှိရပါတယ်။ 

“Netflix က ဈေးအရမ်းကြီးတယ်၊ ကျွန်တော်/ကျွန်မအနေနဲ့ ကြော်ငြာများကို ကြည့်ရရင်လည်း ကိစ္စမရှိပါဘူးဟု ဆိုလာမည့်သူများစွာကို ကျွန်ုပ်တို့က ချန်လှပ်ထားခဲ့သလို ဖြစ်နေခဲ့ပါတယ်” “ဒါကြောင့် ကျွန်ုပ်တို့အနေနဲ့ ကြော်ငြာများပါဝင်မည့် subscription tier တစ်ခုကို ထည့်သွင်းပေးသွားတော့မှာဖြစ်ပါတယ်။ ကျွန်ုပ်တို့အားလုံး ယခုအသုံးပြုနေသည့် Netflix မှာ ကြော်ငြာများထည့်သွင်းသွားမှာမဟုတ်သော်လည်း ကြော်ငြာများကြည့်ရချင် ကြည့်ရပါစေ ဈေးသက်သာစွာနဲ့ Netflix ကို ကြည့်ရှုလိုတယ်ဆိုတဲ့သူများအတွက် ကြော်ငြာများထည့်သွင်းထားတဲ့ tier တစ်ခုကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်” ဟူ၍ Sarandos က ပြောကြားခဲ့ပါတယ်။ 

Newyork Times ရဲ့ သတင်းအရ ဒီ ကြော်ငြာများပါဝင်လာမည့် subscription tier အသစ်ကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် ထုတ်လွှင့်နိုင်ဖို့အတွက် Netflix ကရည်မှန်းထားကြောင်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။