Netflix Announces Wednesday Season 2 is coming soon

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.1.2023 | မကြာမှီတွင် Wednesday Season 2 ထွက်ရှိလာတော့မည်ဖြစ်ကြောင်း Netflix မှ ကြေငြာ

Gothic fantasy နဲ့ Horror ရုပ်ရှင်ဇာတ်ကား၊ animation များကို ရိုက်ကူးတင်ဆက်လျှက်ရှိတဲ့ Tim Burton ရဲ့ နာမည်ကြီး Classic တစ်ခုဖြစ်တဲ့ The Addams Family ရုပ်ရှင်ရဲ့ spin-off အဖြစ်ရိုက်ကူးထားတဲ့ Wednesday ရဲ့ ဒုတိယ Season ကို မကြာမှီတွင် ထုတ်လွှင့်ပြသသွားတော့မှာဖြစ်ကြောင်း Netflix မှ ကြေငြာမှုပြုလုပ်လိုက်ပြီပဲဖြစ်ပါတယ်။ 

အပိုင်း (၈) ပိုင်းပါဝင်တဲ့ season (1) ကိုတော့ Netflix ပေါ်တွင် November 23 ရက်နေ့က ထုတ်လွှင့်ပေးခဲ့တာဖြစ်ပြီး တစ်မုဟုတ်ချင်းမှာပဲ လူကြိုက်များတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်လာခဲ့ပါတယ်။ Wednesday ဟာ “Streaming ပြုလုပ်၍ ကြည့်ရှုမှုအများဆုံး ဇာတ်လမ်းတွဲများစာရင်းတွင်” Stranger Things Season 4 ရဲ့နောက် ဒုတိယနေရာတွင်တည်ရှိနေတဲ့အတွက် ဇာတ်ကားရဲ့ အရည်အသွေးကိုတော့ ထွေထွေထူးထူးပြောပြနေဖို့ မလိုအပ်လောက်ဘူးလို့ထင်ပါတယ်။ 

ဒီဇာတ်ကားမှာဆိုရင် တက်သစ်စမင်းသမီးငယ်လေးတစ်ဦးဖြစ်တဲ့ Jenna Ortega က Ms. Wednesday Addams နေရာတွင် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး Wednesday ရဲ့ Nevermore Academy လို့ ခေါ်တဲ့ ကျောင်းတော်ကြီးမှာ ပထမနှစ်ကျောင်းသူအဖြစ်ကျောင်းတက်ရင်း သူမရရှိလာတဲ့ စိတ်စွမ်းအင်တွေကို ထိန်းချုပ်ရင်း တစ်ဖက်မှာလဲ Addams Family ရဲ့ ဆယ်စုနှစ်တစ်ခုကြာ မဖြေရှင်းနိုင်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် အဖြစ်အပျက်တွေကို ဖော်ထုတ်သွားပုံကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။