Netflix and Exploding Kittens are partnering on a mobile game and an animated series

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.5.2022 | Netflix နှင့် Exploding Kittens တို့ အတူတကွပူးပေါင်း၍ mobile game နှင့် animation series များကို ထုတ်လုပ်ရန် ဆောင်ရွက်လျှက်ရှိနေ

Netflix ဟာ gaming လောကသို့ နယ်မြေချဲ့ထွင်သည့်အနေနဲ့ Exploding Kittens လို့အမည်ပေးထားတဲ့ ကတ်ဂိမ်းအမျိုးအစားဂိမ်းတစ်ခုကို mobile ဖုန်းများပေါ်သို့ရောက်ရှိလာနိုင်ရန် ဆောင်ရွက်လျှက်ရှိနေပြီး အဆိုပါ franchise ကို အခြေခံထားတဲ့ TV စီးရီးတစ်ခုကိုလည်း ထုတ်လုပ်လျှက်ရှိနေကြောင်း The Verge မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။

Exploding Kittens လို့ အမည်ပေးထားတဲ့ အဆိုပါဂိမ်းကို မေလအတွင်းမှာ လွှင့်တင်ပေးသွားမှာဖြစ်ပြီး “adult animated comedy seiries” အမျိုးအစားထဲမှာပါဝင်တဲ့ အဆိုပါဂိမ်းရဲ့ TV show ကိုတော့ ၂၀၂၃ ခုနှစ်မှာ စတင်၍ လွှင့်တင်ပေးသွားမှာပဲဖြစ်ပါတယ်။ အဆိုပါဂိမ်းဟာ Netflix subscription ကို ဝယ်ယူထားရုံနဲ့ အခမဲ့ ဆော့ကစားလို့ရမယ့် ဂိမ်း title အများအပြားထဲတွင် နောက်ဆုံးထွက်ရှိလာမယ့် ဂိမ်းတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Exploding Kittens ကို App Store နှင့် Google Play တို့ပေါ်တွင် paid version အနေနဲ့ ဝယ်ယူဆော့ကစားနိုင်ပြီးဖြစ်သော်လည်း Netflix ရဲ့ version မှာတော့ စတင်၍ launch ပြုလုပ်သည့်အခါ သီးသန့် ကဒ်အသစ်နှစ်မျိုးလည်းပါဝင်လာမှာဖြစ်သလို အချိန်ကြာလာတာနဲ့အမျှ - ကဒ်အသစ်များနှင့် game mechanic အသစ်များကို “animation စီးရီး” အပေါ်အခြေခံ၍ ထပ်မံထည့်သွင်းပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။