Netflix acquires another developer to build ‘world class games

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.3.2022 | ကမ္ဘာ့အဆင့်မှီဂိမ်းများကို ဖန်တီးထုတ်လုပ်နိုင်ရန်အတွက် Netflix မှ နောက်ထပ်ဂိမ်း developer ကုမ္ပဏီတစ်ခုကို ဝယ်ယူခဲ့ 

Netflix ဟာ Next Games လို့အမည်ရတဲ့ mobile puzzle RPG ဂိမ်းတစ်ခုဖြစ်တဲ့ Stranger Things: Puzzle Tales ရဲ့ developer ဖြစ်သူ Finland နိုင်ငံအခြေစိုက် Next Games လို့အမည်ရတဲ့ကုမ္ပဏီကို ဝယ်ယူရန် offer ပြုလုပ်ခဲ့ပါတယ်။ 

Netflix ရဲ့ Vice President of Games ဖြစ်သူ Mike Verdu မှ blog post တစ်ခုတွင် “အဆိုပါဝယ်ယူမှုဟာ ကျွန်ုပ်တို့ထံတွင် member ဝင်ထားသူများအနေနဲ့ ဆော့ကစားနိုင်ရန် လွန်စွာကောင်းမွန်တဲ့ ဂိမ်းများပါဝင်တဲ့ game library တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။ 

Netflix ဟာ Next Games ကို ယူရိုငွေ ၆၅ သန်းဖြင့်ဝယ်ယူရန် ကမ်းလှမ်းခဲ့တာဖြစ်ပြီး Next Games ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များကတော့ ရှယ်ယာရှင်များကို အဆိုပါ offer ကို လက်ခံရန်အတွက် တိုက်တွန်းခဲ့တယ်လို့သိရှိရပါတယ်။ အဆိုပါလက်လွှဲရောင်းဝယ်မှုကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်အပြီးသတ်နိုင်ဖို့ကိုလည်း နှစ်ဖက်စလုံးမှ မျှော်မှန်းခန့်မှန်းထားတယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။