NASA and SpaceX has signed an agreement for space safety

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.3.2021 | NASA နှင့် SpaceX တို့မှ အာကာသလုံခြုံရေးအတွက် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ 

Reuters သတင်းဌာနမှ သတင်းတစ်ပုဒ်အရ NASA မှ မတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်တစ်ခုတွင် ဘီလျံနာ Elon Musk ရဲ့ SpaceX ကုမ္ပဏီနှင့် ၎င်းတို့အကြား လွှတ်တင်ထားသည့် Satellite ဂြိုလ်တုများ အချင်းချင်းတိုက်မိခြင်းများကို ရှောင်ရှားနိုင်ရန် အားထုတ်ကြိုးပမ်းသွားရန်အတွက် သဘောတူညီချက်တစ်ခုကိုရေးထိုးခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ 

အဆိုပါသဘောတူညီချက်ကြောင့် NASA နှင့် Starlink, SpaceX ရဲ့ အာကာသအင်တာနက်ရင်းနှီးမြှုပ်နှံမှုများအကြား အချက်အလက်များမျှဝေပေးခြင်းကို ပိုမိုချောမွေ့လာစေရန်ရည်ရွယ်ပြီး ၂ ဖက်စလုံးမှ သူတို့ရဲ့ အာကာသယာဉ်များနှင့် ကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိ အပိုင်းအစများရဲ့ တည်နေရာများကို ပြည့်ပြည့်ဝဝ သိရှိလာစေနိုင်မှာ ဖြစ်ပါတယ်။ 

လက်ရှိတာဝန်ထမ်းဆောင်နေဆဲ NASA ရဲ့ အကြီးအမှူးဖြစ်တဲ့ Steve Jurczyk မှ တော့ “စီးပွားဖြစ်ကုမ္ပဏီများမှ Satellite များကို ပိုမို၍ လွှင့်တင်လာသည်နှင့်အမျှ ကျွန်ုပ်တို့အနေနဲ့ ဆက်သွယ်မှုများ၊ ဆက်ဆံရေးများ၊ ဒေတာအချက်အလက်များ လွှဲပြောင်းမျှဝေခြင်းနှင့် အကောင်းဆုံးလုပ်ဆောင်ချက်များကို တည်ထောင် မြှင့်တင်ပြီး လုံခြုံ၍အန္တရာယ်ကင်းစင်သော အာကာသပတ်ဝန်းကျင်တစ်ခုဖြစ်စေရန်အတွက် သေချာစွာလုပ်ဆောင်သွားကြဖို့အတွက်ဟာ အရေးကြီးလှပါတယ်။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။