Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
ထိုသို့မေးလာခဲ့ရင်တော့၊ ကျွန်ုပ်သာ သင့်နေရာမှာဆိုရင် modem နဲ့ router ကို စစ်ဆေးကြည့်မှာပါ။
သင့်ရဲ့ modem နဲ့ router ကို reboot လုပ်ဖို့လိုနေတာဖြစ်နိုင်ပါတယ်။ ထိုသို့ပြုလုပ်ရန်အတွက် သင့်ရဲ့ဖုန်း (သို့) tablet ရဲ့အကူအညီတော့လိုအပ်ပါတယ်။ အောက်တွင်ထိုသို့ပြုလုပ်နိုင်စေရန်အတွက် အဆင့်များကိုဖော်ပြပေးလိုက်ပါတယ်။
၁။ သင့်ရဲ့ modem နဲ့ router တွင်မီးများအားလုံးလင်းနေလား (သို့) မှိတ်တုတ်မှိတ်တုတ်ဖြစ်နေလား ဆိုတာကိုအရင်ဆုံးမှတ်သားထားပါ။
၂။ သင့်ရဲ့ modem ကို ပလပ်ဖြုတ်လိုက်ပါ။
၃။ သင့်ရဲ့ router ကို ပလပ်ဖြုတ်လိုက်ပါ။
၄။ ၁၀ စက္ကန့်လောက်စောင့်ဆိုင်းပါ။ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ,,, ရေတွက်ဖို့လိုအပ်ရင်ရေတွက်ပါ။
၅။ သင့်ရဲ့ modem ကို ပလပ်ပြန်ထိုးပါ။
၆။ သင့်ရဲ့ router ကို ပလပ်ပြန်ထိုးပါ။
၇။ သင်အင်တာနက်ရရှိနေစဉ်ကအတိုင်း (အဆင့် ၁) ကအတိုင်းမီးများလင်းနေလားဆိုတာကို ပြန်လည် စစ်ဆေးပါ။
၈။ ငါးမိနစ်ခန့်စောင့်ပါ။
၉။ သင့်ရဲ့ဖုန်း (သို့) tablet ကိုစစ်ဆေးကြည့်ပါ။ အကယ်၍ wireless signal တံဆိပ်လေးပေါ်လာပြီဆိုရင် တော့ သင့်အင်တာနက်လိုင်းပြန်တက်ပါပြီ။
၁၀။ အကယ်၍ အဆင့် ၉ကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့ပြီဆိုရင်တော့ အင်တာနက်ပေါ်တက် ကာ သင့်ရဲ့ဖုန်း (သို့) tablet မှတဆင့် အင်တာနက်စာမျက်နှာများသို့ အစမ်းဝင်ရောက်ကြည့်ပါ။ အဆင့် ၂ မှ ၉ အထိကိုပြန်လည်လုပ်ဆောင်ကြည့်ပါ။
သင့်အနေနဲ့ network adapter ကိုလည်း troubleshoot (ပြဿနာရှိနေတဲ့နေရာများကိုရှာဖွေခြင်း) ပြုလုပ်ကြည့်နိုင်ပါတယ်။
၁။ သင်ဟာ Windows 10 ကိုအသုံးပြုနေပါက၊ network icon လေးကို click နှိပ်လိုက်ပါ။
၂။ Troubleshoot problems ကိုရွေးချယ်ပြီးနောက် ညွှန်ကြားချက်များအားလုံးအတိုင်း ဆက်လက်လုပ် ဆောင်ပေးပါ။
၃။ အကယ်၍ ဒါဟာလည်းအလုပ်မဖြစ်သေးရင်တော့ Google က သင့်ကိုကူညီပေးနိုင်ကောင်းပါတယ်။
အကယ်၍ သင်ဟာ ကျွန်ုပ်လိုအသုံးပြုသူတစ်ဦးဖြစ်ပါက သင့်ထံတွင် wireless extender တစ်ခုရှိနေနိုင်ပါတယ်။ ထို wireless extender ရှိပါက သင့်ရဲ့ modem နဲ့ router တို့ကို reboot ချသကဲ့ သို့ သင့်ရဲ့ extender ကိုလည်း reboot ချပေးသင့်ပါတယ်။ အကယ်၍ သင့်ထံတွင်ထိုအရာမရှိပါက သင့် အနေနဲ့ ကြိုးမဲ့အင်တာနက်ချိတ်ဆက်မှုပြုလုပ်နိုင်ရန်အတွက် wireless extender တစ်ုခကိုဝယ်ယူဖို့ကို လည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
(Unicode)
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။