Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
တရုတ်နိုင်ငံရှိ Apple နှင့် Tesla တို့ရဲ့ supplier စက်ရုံအချို့ဟာ ပိုမိုတင်းကြပ်လာတဲ့ တရုတ်နိုင်ငံရဲ့ စွမ်းအင်သုံးစွဲမှုပေါ်လစီစည်းမျဉ်းအသစ်များကြောင့် စက်တင်ဘာလ ၂၆ ရက်နေ့က ထုတ်လုပ်မှုများကိုရပ်ဆိုင်းခဲ့ကြရကြောင်း ပြောဆိုခဲ့ပါတယ်။
Apple ရဲ့ supplier ဖြစ်သူ Unimicron Technology Corp ရဲ့ပြောဆိုချက်အရ တရုတ်နိုင်ငံအတွင်းရှိ သူတို့ရဲ့လုပ်ငန်းခွဲ (၃) ခုကို ဒေသခံအစိုးရရဲ့ လျှပ်စစ်စွမ်းအင်သုံးစွဲမှုကန့်သတ်ရေး ပေါ်လစီကြောင့် စက်တင်ဘာလ ၂၆ ရက်နေ့နေ့လည်မှ စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင်အချိန်ထိ ထုတ်လုပ်မှုကို ရပ်နားထားရမှာဖြစ်တယ်လို့ သိရှိရပါတယ်။
ထိုကဲ့သို့ ထုတ်လုပ်မှုရပ်နားခဲ့ရတဲ့ စက်ရုံများတွင် Foxconn ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Eson Precision Engineering, iPhone speaker အစိတ်အပိုင်းများရဲ့ supplier ဖြစ်တဲ့ Concraft Holding တို့အပြင် နာမည်ကျော်လျှပ်စစ်ကားထုတ်လုပ်မှုကုမ္ပဏီ Tesla ကိုအစိတ်အပိုင်းများရောင်းချပေးနေတဲ့ စက်ရုံအချို့လည်းပါဝင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။