More than 1,000 Android Phones Found To Be Infected With Newly Discovered Malware

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.11.2021 | Android Phone ၁၀၀၀ ကျော်ခန့်တွင် Malware အသစ်တစ်မျိုးဝင်ရောက်နေခြင်းကို တွေ့ရှိခဲ့

Security ကုမ္ပဏီတစ်ခုဖြစ်တဲ့ Zimperium ရဲ့ အဆိုအရ Android ဖုန်းပေါင်း ၁,၀၀၀ ကျော်ခန့်တွင် အသံနှင့် video များကို အချိန်နဲ့တပြေးညီ record ပြုလုပ်နိုင်စွမ်းရှိသော၊ ဖိုင်များကို download ပြုလုပ်နိုင်စွမ်းရှိပြီး အခြားသော စောင့်ကြည့်မှု activity များကိုပြုလုပ်နိုင်စွမ်းရှိနေတဲ့ malware အသစ်တစ်မျိုး ဝင်ရောက်နေခြင်းကို တွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။

Zimperium မှ သုသေသနပညာရှင်များမှ PhoneSpy လို့အမည်ပေးထားတဲ့ အဆိုပါ malware ကို တိတ်တဆိတ် install ပြုလုပ်နေတဲ့ app ပေါင်း ၂၃ ခုကိုလည်း သုသေသနပညာရှင်များက ဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါ malware ဟာ ကြားဖြတ်နားထောင်ခြင်း၊ စာရွက်စာတမ်းများခိုးယူခြင်းတို့ကို ပြုလုပ်နိုင်တဲ့အပြင် GPS မှတဆင့် ဖုန်းပိုင်ရှင်များရဲ့ တည်နေရာအသေးစိတ်အချက်အလက်များကိုပေးပို့ခြင်း၊ Wi-Fi connection များကို ပြောင်းလဲခြင်းနှင့် Facebook, Instagram, Google အစရှိတဲ့ social account password များကို ခိုးယူခြင်းတို့ကိုပါ ပြုလုပ်နိုင်စွမ်းရှိနေတယ်လို့ သိရှိရပါတယ်။

လက်ရှိအချိန်အထိမှာတော့ အဆိုပါ malware ကူးစက်ခံထားရတဲ့ Android phone များရဲ့ အများစုဟာ တောင်ကိုရီးယားနိုင်ငံတွင်ရှိနေပြီး ကျန်နိုင်ငံများတွင်လည်း ထိုသို့ malware ကူးစက်ခံထားရတဲ့ device များရှိနေနိုင်သေးတယ်လို့ Zimperium က ပြောကြားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။