Modded iPhone X Featuring a USB-C Port Sells For $86,001 on eBay

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.11.2021 | အားသွင်းပေါက်အား Lightning port မှ USB-C port သို့ ပြုပြင်ပြောင်းလဲထားသည့် iPhone X တစ်လုံးအား eBay ပေါ်တွင် ကန်ဒေါ်လာ ၈၆,၀၀၁ ဖြင့် ရောင်းချနိုင်ခဲ့ 

ပြီးခဲ့တဲ့လအတွင်း iPhone X တစ်လုံးကို ကမ္ဘာ့ပထမဆုံး USB-C iPhone အဖြစ်သို့ တစ်စုံတစ်ယောက်မှ ပြုပြင်ပြောင်းလဲမှုပြုလုပ်ခဲ့ကြောင်း သတင်းများထွက်ရှိခဲ့ပြီးနောက် ယခုအခါ အဆိုပါဖုန်းကို eBay ပေါ်တွင် ရောင်းချလိုက်ပြီးဖြစ်ပြီး အခြားသူတစ်ဦးမှ ကန်ဒေါ်လာ ၈၆,၀၀၁ ဖြင့် ဝယ်ယူသွားခဲ့တယ်လို့ သိရှိရပါတယ်။ 

ဒီပြုပြင်ပြောင်းလဲမှုကို Ken Pillonel လို့အမည်ရတဲ့ စက်ရုပ်နည်းပညာကျောင်းသားတစ်ဦးမှ ပြုလုပ်ခဲ့တာဖြစ်ပြီး မူရင်း eBay listing ပေါ်တွင် ၎င်းးက အဆိုပါ USB-C iPhone X ဟာ 64GB အမျိုးအစားဖြစ်တယ်လို့ ဆိုထားပြီး ဝယ်ယူသူများသတိထားရမယ့်အချက်အချို့ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ၎င်း iPhone အားအသုံးပြုစဉ်တွင် လေလံနိုင်သူအနေဖြင့် restore, update (သို့) အဆိုပါ iPhone အတွင်းရှိ data များကို erase မပြုလုပ်ရန်၊ နေ့စဉ်အသုံးပြုမည့်ဖုန်းတစ်လုံးအနေဖြင့် အသုံးမပြုရန်နှင့် ၎င်း iPhone ကို ဖွင့်လှစ်ခြင်းမပြုရန် မှာကြားခဲ့ပါတယ်။ 

ဒါ့အပြင် Ken က “ဒီဖုန်းကိုလက်ခံရရှိတဲ့အချိန်မှာ ဒီဖုန်းဟာကောင်းမွန်စွာအလုပ်လုပ်နေဖို့အတွက် ကျွန်တော့်ဘက်က အာမခံပါတယ်။ ဒါပေမယ့် အထက်ကပြောကြားထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိရင်တော့ နောက်ဆက်တွဲကြုံတွေ့လာရမယ့် ပြဿနာများကို သင့်ဘာသင် ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ iPhone ကို လေလံဆွဲ၍ ဝယ်ယူခဲ့ပြီးတဲ့နောက်မှာ မိမိတို့ကြိုက်သလို အသုံးပြုနိုင်သော်လည်း တစ်စုံတစ်ခုပျက်စီးသွားတဲ့အခါ ကျွန်တော့်ဘက်က အကူအညီပေးနိုင်ဖို့ကို မမျှော်လင့်ပါနဲ့ ဒါဟာ နမူနာပုံစံတစ်ခုသာဖြစ်ပါတယ်” ဟူ၍ ထည့်ပေါင်းပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။