Mobileye and Geely team up to build a self-driving car

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.1.2022 | Mobileye နှင့် Geely တို့ပူးပေါင်း၍ အလိုအလျှောက်မောင်းနှင်နိုင်သောကားတစ်မျိုးကို ထုတ်လုပ်ရောင်းချသွားရန်ရှိ

Intel မှ ပိုင်ဆိုင်ထားသော အလိုအလျှောက်မောင်းနှင်နိုင်သည့်ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Mobileye နှင့် တရုတ်နိုင်ငံရဲ့အကြီးမားဆုံး automaker ဖြစ်တဲ့ Geely automobile တို့ဟာ အသင့်ဝယ်ယူသုံးစွဲနိုင်မည့် အလိုအလျှောက်မောင်းနှင်နိုင်သောကားများကို အကျိုးတူပူးပေါင်း၍ ထုတ်လုပ်လျှက်ရှိနေပြီဖြစ်ပြီး ၎င်းတို့ရဲ့ပြောကြားချက်အရ အဆိုပါကားကို ၂၀၂၄ ခုနှစ်ခန့်တွင် စတင်ရောင်းချသွားနိုင်တော့မှာဖြစ်ပါတယ်။ 

အဆိုပါအလိုအလျှောက်မောင်းနှင်နိုင်သောကားဟာ လျှပ်စစ်ကားဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်းက အသစ်ထုတ်ပြန်လိုက်တဲ့ Geely ရဲ့ electric mobility technology and solution ကုမ္ပဏီတစ်ခုဖြစ်သော Zeekr ရဲ့အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

အဆိုပါကားအသစ်တွင် အဆင့် ၄ အလိုအလျှောက်မောင်းနှင်နိုင်စွမ်းကို ထည့်သွင်းပေးထားမှာဖြစ်တဲ့အတွက် အလိုအလျှောက်ယာဉ်မောင်းနှင်မှုကို ရာသီဥတုကောင်းမွန်သည့်အခါများတွင်နှင့် သတ်မှတ်ထားသည့်နယ်နိမိတ်များအတွင်းတွင် ရာနှုန်းပြည့်ပြုလုပ်နိုင်မှာဖြစ်ပြီး ၎င်းကို Geely ရဲ့ open-source Sustainable Experience Architecture (SEA) အပေါ်အခြေခံ၍ ထုတ်လုပ်ထားသည့်အတွက် ဘရိတ်အုတ်ခြင်း၊ စတီယာရင်တိုင်ကိုထိန်းချုပ်ခြင်းနှင့် စွမ်းအင်ထိန်းချုပ်ခြင်း အစရှိသည့်လုပ်ဆောင်ချက်များကိုလည်း ပြုလုပ်ပေးနိုင်မှာဖြစ်တယ်လို့ သတင်းရရှိထားပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။